(၂၀၁၈)ကမ္ဘာ့ဖလား (၁၆)သင်းအဆင့် ပွဲစဉ်တစ်ပွဲဖြစ်တဲ့ စပိန်အသင်း နဲ့ ရုရှားအသင်းတို့ပွဲစဉ်ဟာ (၂)သင်းစလုံးအတွက်အရေးပါနေပြီး စပိန်အသင်းအနေနဲ့ သူတို့ရဲ့အရှိန်အ၀ါကို ဆက်လက်တည်ဆောက်ဖို့အ တွက် နောက်တစ်ဆင့်တက်ရောက်ဖို့ လိုအပ်နေသလို ရုရှားအသင်းကလည်း သူတို့ရဲ့ အရည်အသွေးကို ထပ်မံ သက်သေပြဖို့ အနိုင်ရအောင်ကြိုးစားရမှာဖြစ်ပါတယ်။

စပိန်အသင်းဟာ အုပ်စု(B)မှာ ရမှတ်(၅)မှတ်နဲ့ အဆင့်(၁)နေရာကနေ ရှုံးထွက်အဆင့်ကိုတက်ရောက် ခဲ့ပြီး ရုရှားအသင်းက အုပ်စု(A)မှာ ရမှတ်(၆)မှတ်၊ အုပ်စုဒုတိယနဲ့ တက်ရောက်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအခြေ အနေအရ စပိန်အသင်းက ရုရှားထက် ကစားသမားအင်အား၊ အရည်အသွေးပိုင်းပိုမိုကောင်းမွန်ပေမယ့် ရုရှားအသင်းက အိမ်ရှင်ပီပီ၊နိုင်လိုစိတ်ပိုမိုပြင်းပြပါတယ်။စပိန်အသင်းကတော့ ပြိုင်ပွဲမတိုင်ခင် ရက်ပိုင်းအလိုက နည်းပြအပြောင်း အလဲဖြစ်ထားပြီး အုပ်စုတွင်းမှာ ခြေစွမ်းပြခဲ့ပေမယ့် စုစည်းမှုပိုင်းမှာ လိုအပ်ချက်ရှိနေ ဆဲဖြစ်ပါတယ်။

ဒါ့အပြင် ခံစစ်ပိုင်းက မြန်နှုန်းမြင့်ကစားသမားတွေကို ထိန်းချုပ်ရာမှာ အားနည်းချက်ရှိနေပြီး ရုရှားနဲ့ပွဲစဉ်မှာအဲဒီအချက်ကို ပြင်ဆင်နိုင်မလားစောင့်ကြည့်ရမှာပါ။ရုရှားအသင်းကတော့ ကစားအား၊နိုင်လိုစိတ် ကြိုးစားမှုပိုင်းမှာ အားရစရာဖြစ်ပေမယ့် အရည်အသွေးပိုင်းကန့်သတ်ချက်ရှိနေပြီး စပိန်အသင်းကို ကျော်ဖြတ်ဖို့ အတွက်ခက်ခဲဖွယ်ရှိနေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှုမှာတော့ စပိန်အသင်းက (၄)ပွဲနိုင်၊ (၂)ပွဲသရေကျထားပြီး ရုရှားအသင်းအပေါ် အပြတ်၊ အသတ်အသာရထားတာဖြစ်ပါတယ်။ ဒါ့အပြင် နောက်ဆုံး(၃)ကြိမ်တွေ့ဆုံမှုမှာ ရုရှားအသင်းဘက်ကို (၁၀)ဂိုးထိသွင်းယူထားတာဖြစ်ပါတယ်။ ဒါ့အပြင် စပိန်အသင်းကတော့ ယူရို(၂၀၁၆)က အီတလီကို ရှုံးနိမ့်တဲ့ပွဲစဉ်နောက်ပိုင်း (၂၃)ပွဲထိရှုံးပွဲမရှိသေးပဲ ရလဒ်ကောင်းတွေ ဆက်တိုက်ရရှိနေတာဖြစ်ပါ တယ်။

ရုရှားအသင်းကတော့ ဒီပွဲစဉ်ဟာ သူတို့ရဲ့သမိုင်းမှာ ပထမဆုံးယှဉ်ပြိုင်ကစားရတဲ့ ကမ္ဘာ့ဖလားရှုံးထွက် ပွဲစဉ်ဖြစ်ပြီး စပိန်အသင်းကိုကျော်ဖြတ်ကာ ကွာတားဖိုင်နယ်ကိုတက်ရောက်နိုင်အောင်စွမ်းဆောင်နိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။ စပိန်အသင်းနဲ့ ရုရှားအသင်းတို့ရဲ့ ကမ္ဘာ့ဖလား(၁၆)သင်းအဆင့်ပွဲစဉ်ဟာ ယနေ့ ည(၈)နာရီခွဲမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ဘယ်အသင်းက နောက်တစ်ဆင့်ကိုတက်ရောက်နိုင်မလဲ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

 

 

 

Related News