ရီးယဲယ်မက်ဒရစ်အသင်းဟာ အသင်းမှ ထွက်ခွာလိုနေတယ်လို့ ပြောကြားထားတဲ့ တိုက်စစ်ကစားသ မား စီရော်နယ်ဒိုကို ဂျူဗင်တပ်စ်အသင်းမှ ကမ်းလှမ်းထားတဲ့ အတွက် ရောင်းချဖို့ ချင့်ချိန်စဉ်းစားနေတယ်လို့ သိရပါတယ်။ စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီ လီဗာပူးလ်အသင်းကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်အပြီးမှာ အနာဂတ်အတွက် ဆုံးဖြတ်ချက်တစ်ခုခု ချမှတ်သွားမယ်လို့ မီဒီယာတွေကို ပြောကြားခဲ့ပြီး အသင်းမှထွက်ခွာလို တယ်ဆိုတဲ့သတင်းတွေဆက်တိုက်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် ရီးယဲယ်မက်ဒရစ်အသင်းနဲ့ နည်းပြဇီဒန်း တို့ မထင်မှတ်ပဲ လမ်းခွဲသွားမှုကလည်း စီရော်နယ်ဒိုကို အသင်းမှထွက်ခွာစေဖို့ ပိုမိုတွန်းအားဖြစ်စေတယ်လို့ စပိန်မီဒီယာတွေကဖော်ပြနေကြပါတယ်။

လက်ရှိမှာစီရော်နယ်ဒိုကို ခေါ်ယူဖို့ စီးရီးအေ အင်အားကြီး ဂျူဗင်တပ်စ် အသင်းက ယူရိုသန်း(၁၀၀)နဲ့ ကမ်းလှမ်းထားတယ်လို့ ခိုင်မာတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြနေကြပါတယ်။ ရီးယဲယ်မက်ဒရစ်အသင်းကိုယ်တိုင် ဂျူဗင်တပ်စ်အသင်းရဲ့ ကမ်းလှမ်းမှုကို စိတ်ဝင်စားနေကြောင်း ကမ်းလှမ်းမှု ကို လက်ခံမလား၊ ငြင်းပယ်မလားဆိုတာ မဆုံးဖြတ်ရသေးပဲ ဂျူဗင်တပ်စ်အသင်းကို တုန့်ပြန်ထားခြင်းမရှိသေး ကြောင်း ဥရောပမီဒီယာတွေက ဖော်ပြနေကြပါတယ်။ ရီးယဲယ်မက်ဒရစ်အသင်းကတော့ စီရော်နယ်ဒိုနေရာအ စားထိုးမှုတစ်ခုကိုအရင်ပြုလုပ်လိုနေပြီး PSG အသင်းမှ ဘာပေနဲ့ နေမာတို့ထဲက တစ်ဦးကို ခေါ်ယူလိုနေတာဖြစ် ပါတယ်။ ဒါပေမဲ့ (၂)ဦးစလုံးဟာ ကမ္ဘာ့ဖလားဝင်ရောက်ယှဉ်ပြိုင်နေသလို PSG အသင်းက ရောင်းချလိုခြင်းမရှိ တာကြောင့် အခက်တွေ့နေပြီး စီရော်နယ်ဒိုကို ရောင်းချဖို့ကိစ္စ အခက်တွေ့နေတာဖြစ်ပါတယ်။

စီရော်နယ်ဒို ကတော့ ပြီးခဲ့တဲ့ ဧပြီလက ဂျူဗင်တပ်စ်အသင်းကို နှစ်သက်ကြောင်းနဲ့ ငယ်စဉ်က ဂျုဗင်တပ်စ်အသင်းကို အား ပေးခဲ့ကြောင်း ပြောကြားခဲ့ပြီး လက်ရှိမှာလည်း ဂျူဗင်တပ်စ်အသင်း အခြေစိုက်ရာ တူရင်မြို့မှာ အိမ်ဝယ်ဖို့စုံစမ်း နေတယ်လို့ စပိန်မီဒီယာတွေက ဖော်ပြနေကြပါတယ်။ ရီးယဲယ်မက်ဒရစ်အသင်းဟာ စီရော်နယ်ဒိုကိုရောင်းချ မယ်ဆိုရင် ပုံရိပ်ပိုင်းကျဆင်းနိုင်ပေမယ့် အသင်းတာဝန်ရှိသူတွေနဲ့ အဆင်မပြေမှု၊ မြင့်မားတဲ့ လစာပေးချေနေရ မှုတွေနဲ့အတူ တိုက်စစ်ပိုင်းအပြောင်းအလဲလုပ်လိုတဲ့အတွက် ရောင်းချဖို့စဉ်းစားနေတာဖြစ်ပါတယ်။ ဂျူဗင်တပ်စ် အသင်းကတော့ စီရော်နယ်ဒိုကို အခွန်ဆောင်ပြီး တစ်နှစ်လုပ်ခယူရိုသန်း(၂၀)ပေးချေမယ်လို့သိရပြီး စီရော်နယ်ဒိုလက်ခံမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

 

 

 

Related News