ဇူလိုင်လ(၄)ရက်မှာ ကိုရီးယား(၂)နိုင်ငံရဲ့ချစ်ကြည်ရေးဘတ်စကတ်ဘောပြိုင်ပွဲကို ကျင်းပခဲ့ပါတယ်။ ပြိုင်ပွဲစုစုပေါင်း(၄)ခုရှိမှာဖြစ် ပြီး ဒီပြိုင်ပွဲတွေက ပြီးခဲ့တဲ့(၁၅)နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ဘတ်စကတ်ဘောပြိုင်ပွဲက (၂)နိုင်ငံစည်းလုံးညီညွတ်မှု ကို ပြသနိုင်ခဲ့တယ်လို့  KBSသတင်းဌာနကဖော်ပြပါတယ်။ ပြိုင်ပွဲမှာ ပရိသတ်(၁၂၀၀၀)လောက်ရှိခဲ့ပါတယ်။ တောင်ကိုရီးယားအ သင်းရဲ့နည်းပြဖြစ်သူဟာဂျဲကတော့ ပြီးခဲ့တဲ့(၁၅)နှစ်မှာကျင်းပခဲ့တဲ့ဘတ်စကတ်ဘောပြိုင်ပွဲမှာ ပါဝင်ခဲ့ဖူးပါတယ်။ အမျိုးသားပြိုင်ပွဲ (၁)ပွဲနဲ့ အမျိုးသမီးပြိုင်ပွဲ(၁)ပွဲပြီးတဲ့အထိ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်တက်ရောက်ခဲ့ခြင်းမရှိပေမဲ့ မြောက်ကိုရီးယား ထိပ်တန်းခေါင်းဆောင်တွေတော့ တက်ရောက်ခဲ့ပါတယ်။

လက်ကျန်ပြိုင်ပွဲ(၂)ပွဲကိုတော့ ဇူလိုင်လ(၅)ရက်မှာ ထပ်ကစားမှာပါ။ ကိုရီးယား(၂)နိုင်ငံအစိုးရတွေရဲ့သဘောတူညီချက်နဲ့ကျင်းပခဲ့တဲ့ ဘတ်စကတ်ဘောပြိုင်ပွဲတွေက နှစ်နိုင်ငံကြားအားကစားပူး ပေါင်းဆောင်ရွက်မှု၊ စည်းလုံးညီညွတ်မှုနဲ့ ရင်ကြားစေ့ရေးတို့ကို ပိုပြီးကျယ်ပြန့်လာစေနိုင်တယ်လို့ တောင်ကိုရီးယားပေါင်းစည်း ရေးဝန်ကြီး ချိုမြောင်ဂျွန်းကပြောပါတယ်။

 

 

Related News