ဘရာဇီးလ်တိုက်စစ်မှူး နေမာဟာ ယခုနှစ်ကမ္ဘာ့ဖလားမှာ သွင်းဂိုး(၂)ဂိုးသာသွင်းယူထားပေမယ့် ဂိုးပေါက်ကန်သွင်းမှုအချက်အလက်တွေအရ ပြိုင်ဘက်တွေအတွက် အစိုးရိမ်ရဆုံးကစားသမားအဖြစ်ရှိနေပါတယ်။ နိုင်ငံတကာအားကစားသတင်းအယ်ဒီတာက တင်ဆက်ပေးမှာဖြစ်ပါတယ်။နေမာဟာယခုနှစ်ကမ္ဘာ့ဖလားမှာ ဂိုးပေါက်ခြိမ်းခြောက်မှု (၂၄)ကြိမ်ထိပြုလုပ်ထားပြီး ဂိုးအများဆုံးသွင်း ယူထားတဲ့ ဟာရီကိန်းအပါအ၀င် စီရော်နယ်ဒို၊ မက်ဆီ တို့အားလုံးထက် ပိုမိုများပြားနေပါတယ်။ ဒါ့အပြင် သူ ဟာဂိုးပေါက်တည့်မတ်အောင်အကြိမ်အများဆုံးကန်သွင်းနိုင်တဲ့ ကစားသမားဖြစ်ပြီး (၁၂)ကြိမ်ထိဂိုးပေါက်တည့် အောင်စွမ်းဆောင်ထားတာဖြစ်ပါတယ်။ဒါပေမဲ့ သွင်းဂိုးရရှိမှုမှာ (၂)ဂိုးသာရရှိထားပြီး ပြိုင်ဘက်ကစားသမားတွေ နဲ့ ဂိုးသမားတို့က စနစ်တကျကာကွယ်နေတာကြောင့် ဂိုးအဖြစ်ပြောင်းလဲနိုင်မှုမှာ နည်းပါးနေပါတယ်။ 

နေမာ ဟာ သူ့ရဲ့ပင်ကိုယ်အရည်အသွေးအရ အလိမ်အခေါက်နဲ့ လှည့်စားမှုပိုင်းမှာ ထူးချွန်သူဖြစ်ပြီး ခက်ခဲတဲ့အခြေအ နေတွေမှာပါ ဂိုးပေါက်ခြိမ်းခြောက်နိုင်သူဖြစ်ပါတယ်။ ယခုနှစ်ကမ္ဘာ့ဖလားမှာ ဒဏ်ရာမှ အရှင်းပျောက်ကင်းခြင်း မရှိသေးပေမယ့် စွမ်းဆောင်းထားမှုက ပြိုင်ဘက်တွေအတွက် စိုးရိမ်းစရာကောင်းနေပါတယ်။ ယခုနှစ်ကမ္ဘာ့ဖ လားမှာ နေမာရဲ့နောက်ဒုတိယဂိုးပေါက်ကန်သွင်းမှုအများဆုံးကစားသမားတွေအဖြစ် ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုက (၂၁)၊ မက်ဆီက (၁၇)ကြိမ်နဲ့ တတိယနေရာမှာရပ်တည်နေပါတယ်။ ဂိုးပေါက်တည့်မှုမှာ စီရော်နယ်ဒိုက (၈)ကြိမ်နဲ့ (၄)ဂိုးရရှိထားပြီး၊ မက်ဆီကတော့ (၆)ကြိမ်နဲ့ (၁)ဂိုးသာရရှိထားပါတယ်။

လက်ရှိ ဂိုးသွင်းအများဆုံးစာရင်းမှာ သွင်းဂိုး(၆)ဂိုးနဲ့ထိပ်ဆုံးမှရပ်တည်နေတဲ့ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းကတော့ ဂိုးပေါက်ကန်သွင်းမှု(၉)ကြိမ်သာပြုလုပ်ထားပြီး (၆)ကြိမ်ဂိုးပေါက်တည့်ကာ (၆)ဂိုးရရှိထားတာဖြစ်ပါတယ်။ နေမာဟာ ယခုနှစ်ကမ္ဘာ့ဖလားမှာ ပြသထားတဲ့ ခြေစွမ်းကြောင့် ပရိသတ်တွေရဲ့ အသိအမှတ်ပြုမှုကိုရရှိခဲ့ပေ မယ့် ကွင်းအတွင်း မကြာခဏလဲကျနေမှုအတွက် ဟန်ဆောင်လှဲချတယ်ဆိုပြီး ဝေဖန်ခံနေရပါတယ်။ နေမာ ကိုယ်တိုင်ကတော့ အမှန်တကယ် ထိခိုက်မိတာကြောင့် လဲကျတာလို့ ပြောကြားထားပြီး ဘရာဇီးလ်ဂန္ထ၀င် တိုက်စစ်မှူး ရော်နယ်ဒိုကတော့ ဒိုင်လူကြီးတွေအနေနဲ့ နေမာကို ယခုထက်ပိုမိုအကာအကွယ်ပေးသင့်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

နောက်ဆုံးထွက်ပေါ်ခဲ့တဲ့အချက်အလက်တွေအရ နေမာဟာ ယခုနှစ်ကမ္ဘာ့ဖလား(၄)ပွဲ ကစားအပြီးမှာကွင်းအတွင်းလဲကျတဲ့အချိန်က (၁၄)မိနစ်ရှိနေကြောင်းသိရပါတယ်။ ဒါပေမဲ့ နေမာဟာ ပြိုင်ဘက် တွေအတွက် အစိုးရိမ်ရဆုံးကစားသမားအဖြစ်ရပ်တည်နေပြီး ကွာတားဖိုင်နယ်မှာတွေ့ဆုံနေတဲ့ ဘယ်ဂျီယံအ သင်းနဲ့ပွဲစဉ်မှာရော ကျစ်လစ်တဲ့ဘယ်ဂျီယံခံစစ်ကို ဘယ်လောက်ထိအခက်တွေ့အောင်လုပ်ဆောင်သွားမလဲ ဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

 

 

 

 

Related News