ဘရာဇီးလ်အသင်းနည်းပြတီတီဟာ သူကိုင်တွယ်ထားခဲ့တဲ့ပွဲစဉ်ပေါင်း (၂၅) ပွဲမှာ မတူညီတဲ့အသင်း ခေါင်းဆောင် (၁၆) ဦးအထိခန့်အပ်ထားခဲ့တယ်လို့သိရပါတယ်။ ဘရာဇီးလ်အသင်းနည်းပြတီတီဟာ ဇူလိုင်လ (၇) ရက်၊ မနက်ဖြန်မနက်အစောပိုင်းမှာယှဉ်ပြိုင်မယ့် ဘယ်လ်ဂျီယံအသင်းနဲ့ပွဲစဉ်မှာ အသင်းခေါင်းဆောင်အဖြစ် ၀ါရင့်နောက်ခံလူမီရန်ဒါကိုတာဝန်ပေးသွားမှာဖြစ်ပါ တယ်။ ဘရာဇီးလ်အသင်းနည်းပြတီတီဟာ ယှဉ်ပြိုင်ကစားပြီးတဲ့ (၂၀၁၈) ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ပွဲစဉ် (၄) ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် မာဆယ်လို၊ သီယာဂိုဆေးလ်ဗားနဲ့ မီရန်ဒါတို့ကိုတာဝန်ပေးခဲ့ပြီး၊ သီယာဂိုဆေးလ် ဗားက အသင်းခေါင်းဆောင်အဖြစ် (၂) ပွဲတာဝန်ယူခဲ့ပါတယ်။

တီတီဟာ (၂၀၁၆) ခုနှစ်၊ ဇွန်လ (၂၀) ရက်နေ့ မှာ ဘရာဇီးလ်အသင်းကိုစတင်ကိုင်တွယ်ခဲ့ပြီး၊ ပွဲစဉ်ပေါင်း (၂၅) ပွဲကိုင်တွယ်ထားခဲ့ရာမှာ နိုင်ပွဲ (၂၀) အထိရ ယူထားနိုင်ခဲ့ပြီး၊ (၄) ပွဲသရေနဲ့ (၁) ပွဲသာရှုံးနိမ့်ထားခဲ့ပါတယ်။ တီတီဟာ အခြားသောအသင်းခေါင်းဆောင်တွေ အဖြစ်လည်း ဒန်နီအဲလ်ဗက်စ်၊ အော်ဂတ်စတို၊ ဖီးလစ်ပီလူးဝစ်၊ ဖာနန်ဒင်ဟို၊ ရော်ဘင်ဟို၊ နေမာ၊ ကော်တင်ဟို၊ ပေါ်လင်ဟို၊ ကက်စ်မဲရိုးလ်၊ မာကွင်ဟို၊ ၀ီလျံ၊ အယ်လစ်ဆင်၊ ဂါဘရီရယ်ဂျေးဆုတို့ကိုလည်းခန့်အပ်ထားခဲ့ပါတယ်။ 

 

 

 

 

 

Related News