လက်ရှိအပြောင်းအရွှေ့ကာလရဲ့ပရိသတ်စိတ်ဝင်စားမှုအများဆုံးဖြစ်တဲ့ စီရော်နယ်ဒိုရဲ့အပြောင်းအရွှေ့ ကိစ္စရပ်ကို အေးဂျင့်ဖြစ်သူဂျော့မန်ဒက်က တစ်စုံတစ်ရာမှတ်ချက်ပြုပြောကြားခြင်းမရှိပဲတိတ်ဆိတ်နေခဲ့တယ်လို့ သိရပါတယ်။ စီရော်နယ်ဒိုရဲ့အပြောင်းအရွှေ့ကိစ္စရပ်တိုင်းကို အလုံးစုံတာဝန်ယူထားခဲ့တဲ့နာမည်ကြီးအေးဂျင့်ဂျော့မန် ဒက်ဟာ လက်ရှိစီရော်နယ်ဒိုရဲ့လှုပ်ခတ်နေခဲ့တဲ့ အပြောင်းအရွှေ့ကိစ္စရပ်မှာတော့ လက်ရှိအချိန်အထိတိတ် ဆိတ်နေခဲ့ပါတယ်။

ဂျော့မန်ဒက်ဟာ စီရော်နယ်ဒိုရဲ့ စပို့တင်းလစ္စဘွန်းအသင်းကနေ မန်ယူအသင်း၊ မန်ယူအ သင်းကနေ ရီးရဲယ်လ်မက်ဒရစ်အသင်းတွေကိုပြောင်းရွှေ့ခဲ့ရာမှာ အပြည့်အ၀တာဝန်ယူခဲ့ပါတယ်။ ဂျော့မန်ဒက် အနေနဲ့ ဂျူဗင်တပ်စ်အသင်းဟာ စီရော်နယ်ဒိုကိုခေါ်ယူဖို့အမှန်တကယ်စိတ်ဝင်စားနေကြောင်းပြောကြားခဲ့ပေမယ့်လည်း စီရော်နယ်ဒိုရဲ့သဘောထားကိုတော့ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့တာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အ သင်းဟာ စီရော်နယ်ဒိုအတွက် ပြောင်းရွှေ့ကြေးပေါင် (၈၈) သန်းနဲ့ကမ်းလှမ်းထားခဲ့ပြီး၊ စီရော်နယ်ဒိုကို တစ်နှစ် လုပ်ခယူရိုသန်း (၃၀) နဲ့ကမ်းလှမ်းထားခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ရီးရဲယ်လ်မက်ဒရစ်အသင်းကနေထွက်ခွာ တော့မယ်လို့ဖွင့်ဟခဲ့ဖူးပြီး၊ ဂျူဗင်တပ်စ်အသင်းနဲ့ ပုဂ္ဂိုလ်ရေးအရသဘောတူညီမှုတွေရရှိထားခဲ့တယ်လို့လည်း သတင်းတွေထွက်ပေါ်နေသူဖြစ်ပါတယ်။ 

 

 

Related News