(၂၀၁၈)ကမ္ဘာ့ဖလားမှာ ဆီးမီးဖိုင်နယ်အဆင့်ကိုတက်ရောက်ထားတဲ့ အင်္ဂလန်အသင်းဟာ လက်ရှိမျိုး ဆက်သစ်ကစားသမားတွေနဲ့ သမိုင်းသစ်ရေးထိုးနိုင်ဖို့ အနီးစပ်ဆုံးဖြစ်နေပြီး အားလုံးကို အံ့အားသင့်အောင်စွမ်း ဆောင်ထားပါတယ်။ အားကစား
အင်္ဂလန်အသင်းဟာ ယခုနှစ်ကမ္ဘာ့ဖလားရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဆွီဒင်အသင်းနဲ့ကစားရာမှာ အခက်အခဲမရှိ (၂)ဂိုး၊ဂိုးမရှိနဲ့ကျော်ဖြတ်ခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်ကိုတက်ရောက်ထားတာဖြစ်ပါတယ်။

ယခုလို အင်္ဂလန်အသင်း ကမ္ဘာ့ဖလားမှာ ဆီးမီးဖိုင်နယ်အဆင့်ကိုတက်ရောက်တာဟာ(၁၉၉၀)ခုနှစ်နောက်ပိုင်း ပထမ ဆုံးအကြိမ်ဖြစ်ပါတယ်။ ဒါ့အပြင် ယူရိုပြိုင်ပွဲနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတို့လိုအဓိကပြိုင်ပွဲကြီးတွေမှာဆိုရင်လည်း (၁၉၉၆)ယူရိုပြိုင်ပွဲမှာ ဆီးမီးဖိုင်နယ်တက်ရောက်ခဲ့ပြီးနောက်ပိုင်း တကျော့ပြန် ပြန်လည်တက်ရောက်တာဖြစ်ပါ တယ်။ အင်္ဂလန်အသင်းဟာ ယခုနှစ်ကမ္ဘာ့ဖလားမှာ ဘယ်သူမှထင်မှတ်မထားတဲ့ အခြေအနေတွေကနေ ဗိုလ် လုပွဲနဲ့အနီးစပ်ဆုံးအနေအထားတစ်ရပ်ထိရောက်ရှိအောင်စွမ်းဆောင်ထားတာဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ ယခင်က နာမည်ကျော်မျိုးဆက်ဖြစ်တဲ့ ဘက်ခမ်း၊ ပေါလ်စခိုး၊ လမ်းပတ်၊ ဂျရက်တို့ခေတ်မှာတောင် အဓိက ပြိုင် ပွဲတွေမှာ အမြင့်ဆုံးအဖြစ် ကွာတားဖိုင်နယ်ထိတက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိ ဟာရီကိန်း၊ အလီ၊ ဟန်ဒါဆန်တို့လို လူငယ်တွေဦးဆောင်တဲ့ မျိုးဆက်မှာတော့ အံ့အားသင့်စရာအဖြစ် ဆီးမီးဖိုင်နယ်ထိတက် ရောက်ထားပြီး ခရိုအေးရှားအသင်းနဲ့သာရင်ဆိုင်ရမှာဖြစ်တာကြောင့်ဗိုလ်လုပွဲ တက်ရောက်ခွင့်မျှော်လင့်ချက် က ပိုမိုတောက်ပနေပါတယ်။

ဒါပေမဲ့ ဝေဖန်သူတွေကတော့ အင်္ဂလန်အသင်းရဲ့ အကောင်းဆုံးပုံစံကို လက်ရှိ အချိန်ထိမမြင်တွေ့ရသေးကြောင်းနဲ့ပြိုင်ပွဲလမ်းကြောင်းချောင်တဲ့အတွက် ယခုလိုတက်ရောက်တာဖြစ်ကြောင်း၊ အသင်းကြီးတွေနဲ့တွေ့ဆုံမှသာ အင်္ဂလန်အသင်းရဲ့ ခြေစွမ်းကို အကဲခပ်လို့ရမှာဖြစ်ကြောင်း ထောက်ပြကြပါ တယ်။ ဒါ့ကြောင့် အင်္ဂလန်အသင်းအနေနဲ့ ယခုနှစ်ကမ္ဘာ့ဖလားမှာ ဝေဖန်သူတွေမှားယွင်းကြောင်း သက်သေပြ ပြီး သမိုင်းသစ်ရေးထိုးသွားမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

 

 

 

Related News