စပိန်အသင်းဟာလစ်လပ်နေတဲ့နည်းပြရာထူးအတွက် ဘာစီလိုနာအသင်းနည်းပြဟောင်း လူးဝစ်အန်းနရစ်ကို ခန့်အပ်ခဲ့တယ်လို့သိရပါတယ်။စပိန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်ယာယီခန့်အပ်ထားခဲ့တဲ့နည်းပြဟိုင်ရိုထွက်ခွာသွားပြီး နောက်ပိုင်း လစ်လပ်နေတဲ့နည်းပြရာထူးအတွက် ဘာစီလိုနာအသင်းနည်းပြဟောင်းလူးဝစ်အန်းနရစ်ကို (၂) နှစ်စာချုပ်နဲ့ခန့်အပ်ခဲ့ပါတယ်။ စပိန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရန်တစ်ရက်အလိုမှာ အသင်းရဲ့နည်း ပြဖြစ်သူ လိုပီတီဂူကိုနည်းပြရာထူးကနေထုတ်ပယ်ခဲ့ပြီး၊ အသင်းရဲ့နည်းပြရာထူးအတွက် ဖာနန်ဒိုဟိုင်ရိုကိုယာ ယီနည်းပြအဖြစ်ခန့်အပ်ခဲ့ပါတယ်။

စပိန်အသင်းဟာ ဟိုင်ရိုရဲ့လက်ထက်မှာရလဒ်ကောင်းတွေပိုင်ဆိုင်ခြင်းမရှိခဲ့ ပဲ၊ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း (၁၆) သင်းအဆင့်နဲ့သာကျေနပ်ခဲ့ရပါတယ်။ လက်ရှိမှာတော့ စပိန်အသင်းဟာ အသင်းရဲ့နည်းပြရာထူးအတွက် ထိပ်ဆုံးနေရာကနေရေပန်းစားနေခဲ့တဲ့ ဘာစီလိုနာနည်းပြဟောင်းလူးဝစ်အန်း နရစ်ကို နည်းပြရာထူးအတွက်ခန့်အပ်ခဲ့ပြီး၊ လာမယ့် (၂၀၂၀) ယူရိုပြိုင်ပွဲအတွက်ရည်ရွယ်ကာခန့်အပ်ခဲ့တယ်လို့ လည်း စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့တာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ်။

လူးဝစ်အန်းနရစ်ဟာ နောက်ဆုံးကိုင် တွယ်ခဲ့တဲ့ ဘာစီလိုနာအသင်းကို (၂၀၁၄) ခုနှစ်ကနေ (၂၀၁၇) ခုနှစ်အထိ (၃) နှစ်တာကာလအတွင်းမှာ ဆုဖ လားအောင်မြင်မှုတွေအနေနဲ့ စပိန်လာလီဂါဖလား (၂) ကြိမ်၊ စပိန်ဘုရင့်ဖလား (၃) ကြိမ်၊ စပိန်စူပါဖလား၊ ချန်ပီ ယံလိဂ်၊ ဥရောပစူပါဖလားနဲ့ ကမ္ဘာ့ကလပ်များဖလား (၁) ကြိမ်စီအပါအ၀င် ဆုဖလားပေါင်း (၉) လုံးအထိရယူ ပေးနိုင်ခဲ့ပါတယ်။ 

 

 


 

Related News