(၂၀၁၈) ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ခရိုအေးရှားအသင်းနဲ့ အင်္ဂလန်အသင်း ပွဲစဉ်ကိုကိုင်တွယ်မယ့် ကွင်းလယ်ဒိုင်လူကြီးကာကီဟာ အင်္ဂလန်နိုင်ငံသား (၃) ဦးကိုအနီကဒ်ပြထုတ်ပယ်ခဲ့ဖူး တယ်လို့သိရပါတယ်။ နိုင်ငံတကာအားကစားအယ်ဒီတာက ဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အသက် (၄၁) နှစ်အရွယ်ရှိပြီဖြစ်တဲ့ တူရကီလူမျိုးကွင်းလယ်ဒိုင်လူကြီးကာကီဟာ လက်ရှိကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ခရိုအေးရှားအသင်းနဲ့ အင်္ဂလန်အသင်းပွဲစဉ်ကို ကွင်းလယ်ဒိုင်လူကြီးအ ဖြစ် တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။

အဆိုပါကွင်းလယ်ဒိုင်လူကြီးကာကီဟာ (၂၀၁၈) ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့အုပ်စုပွဲစဉ်တွေအဖြစ် မော်ရိုကိုအသင်းနဲ့ အီရန်အသင်း၊ အာဂျင်တီးနားအသင်းနဲ့ နိုင်ဂျီးရီးယားတို့ပွဲစဉ် (၂) ပွဲကိုကိုင်တွယ်ခဲ့ဖူးတာဖြစ်ပါတယ်။ဒိုင်လူကြီးကာကီအနေနဲ့ အဆိုပါအုပ်စုပွဲစဉ် (၂) ပွဲကိုကိုင်တွယ်ထားခဲ့ ရာမှာ အ၀ါကဒ်ပြား (၉) ကဒ်အထိအသုံးပြုထားခဲ့ပြီး၊ ပင်နယ်တီပြစ်ဒဏ်ဘော (၁) ကြိမ်သတ်မှတ်ပေးခဲ့တာဖြစ် ပါတယ်။ အခြားသောတစ်ဖက်မှာတော့ တူရကီလူမျိုးကွင်းလယ်ဒိုင်လူကြီးကာကီဟာ အင်္ဂလန်နိုင်ငံသား (၃) ဦး ကို အနီကဒ်ပြထုတ်ပယ်ခဲ့ဖူးတဲ့သာဓကတွေရှိခဲ့ဖူးပါတယ်။

ကာကီဟာ (၂၀၁၂) ဧပြီလအတွင်းမှာယှဉ်ပြိုင်က စားခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းရဲ့ အင်္ဂလန်နိုင်ငံသားဂျွန်တယ်ရီကို အနီကဒ်ပြသခဲ့ပါတယ်။ ဒါ့အပြင်ကိုရင်သီယန်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ (၂၀၁၂) ကမ္ဘာ့ကလပ်များဖလားပြိုင်ပွဲမှာ ချယ်လ်ဆီးအသင်းရဲ့အင်္ဂလန်နိုင်ငံသားဂယ်ရီ ကာဟေးလ်ကိုလည်း အနီကဒ်ပြထုတ်ပယ်ခဲ့ဖူးပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ (၂၀၁၄) ကမ္ဘာ့ဖလားပြိုင်ပွဲ အတွက် ခြေစစ်ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားခဲ့တဲ့ အင်္ဂလန်အသင်းနဲ့ ယူကရိန်းအသင်းတို့ပွဲစဉ်မှာ အင်္ဂလန်အသင်း ခေါင်းဆောင်ဂျရတ်ကိုလည်း အနီကဒ်ပြထုတ်ပယ်ခဲ့ပါတယ်။

ဒါ့ကြောင့်အင်္ဂလန်နိုင်ငံသား (၃) ဦးကိုအနီကဒ်ပြ ထုတ်ပယ်ခဲ့ဖူးတဲ့ တူရကီလူမျိုးဒိုင်လူကြီးကာကီအနေနဲ့ ခရိုအေးရှားအသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ (၂၀၁၈) ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ဆီမီးဖိုင်နယ်ပွဲစဉ်ကိုကိုင်တွယ်မယ်ဆိုတာ အတော်လေးစိတ်ဝင်စားဖို့ကောင်းနေခဲ့ပါတယ်။ ကာကီဟာ တူရကီရဲ့အဓိကပြိုင်ပွဲ (၂၀) ၊ ချန်ပီယံလိဂ် (၆) ပွဲနဲ့ ကမ္ဘာ့ဖလားပွဲစဉ် (၂) ပွဲ၊ စုစုပေါင်း (၂၈) ပွဲ လောက်အထိကိုင်တွယ်ထားခဲ့ရာမှာ အ၀ါကဒ်ပြား (၁၂၈) ကဒ်နဲ့ အနီကဒ် (၉) ကဒ်အထိအသုံးပြုထားခဲ့ပါ တယ်။

 

 

 

Related News