စီးရီးအေရဲ့ နာမည်ကျော်ကလပ် ဂျူဗင်တပ်စ်အသင်းဟာ ရီးယဲယ်မက်ဒရစ်အသင်းမှ စီရော်နယ်ဒိုကို ယူရို(၁၁၅)သန်းနဲ့ခေါ်ယူခဲ့ပြီး သူတို့ရဲ့ အပြီးဆုံးသေးတဲ့ မျှော်လင့်ချက်တွေအတွက် ဖြည်းဆည်းပေးဖို့ တာဝန် ပေးခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ အသက်(၃၃)နှစ်အရွယ်စီရော်နယ်ဒိုအတွက် ကလပ်စံချိန်တင်ပြောင်းရွှေ့ ကြေး ယူရို(၁၁၅)သန်းနဲ့ (၄)နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ 

ဂျူဗင်တပ်စ်အသင်းဟာ စီရော်နယ်ဒိုအတွက် တစ်နှစ် လုပ်ခယူရိုသန်း(၃၀)ထိပေးချေမှာဖြစ်ပြီး စီရော်နယ်ဒိုက တစ်ပတ်ကို ယူရို(၅)သိန်း၊(၇)သောင်းကျော်ထိရရှိမှာ ဖြစ်ပါတယ်။ အသက်(၃၃)နှစ်အရွယ် စီရော်နယ်ဒိုအတွက်ပေးချေရမယ့် ပြောင်းရွှေ့ကြေး၊ လစာနှုန်းထားတွေ များပြားလွန်းတယ်လို့ ယူဆမှုတွေရှိနေပေမယ့် သူရဲ့ကစားသမားဘ၀ဖြတ်သန်းမှုနဲ့ စွမ်းဆောင်မှုတွေဟာ ဂျူဗင်တပ်စ်အသင်းကို ဥရောပထိပ်တန်းအဆင့်ကိုပြန်ရောက်အောင် စွမ်းဆောင်ပြလိမ့်မယ်လို့ ဥရောပမီဒီယာ တွေက ခန့်မှန်းထာါးတယ်။

ဂျူဗင်တပ်စ်အသင်းဟာ စီးရီးအေမှာ အောင်မြင်မှုများစွာရယူပြီး ထိပ်ဆုံးမှာရပ်တည် နေပေမယ့် ဥရောပမှာတော့ (၁၉၉၅-၉၆)ရာသီက ချန်ပီယံလိဂ်ဖလားရရှိပြီးနောက်ပိုင်း ဆုဖလားမရရှိတော့ တာဖြစ်ပါတယ်။ (၂၀၁၄-၁၅)ရာသီနဲ့ (၂၀၁၆-၁၇)ရာသီတွေမှာ ဗိုလ်လုပွဲတက်ရောက်ခဲ့ပေမယ့် စပိန်မှ ဘာစီလိုနာနဲ့ ရီးယဲယ်မက်ဒရစ်အသင်းတို့ကို ရှုံးနိမ့်ခဲ့ပြီး ဒုတိယသာရရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိစီရော်နယ်ဒိုကို ခေါ်ယူတာဟာ စီးရီးအေအောင်မြင်မှုထက် ဥရောပအောင်မြင်မှုကိုပြန်လည်ရရှိအောင် ဂျူဗင်တပ်စ်အသင်းက အလောင်းအစားတစ်ခုပြုလုပ်လိုက်တာဖြစ်တယ်လို့ အီတလီသတင်းစာတွေကရေးသားကြပါတယ်။ ဒါ့အပြင် စီရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းနဲ့(၄)နှစ်စာချုပ်အတွက် ယူရိုသန်း(၁၂၀)ကျော်ထိရရှိမှာဖြစ်ပြီး အဲဒီကြေးနဲ့ ထိုက်တန်တဲ့ အောင်မြင်မှုတွေအဖြစ် ဂျူဗင်တပ်စ်အသင်းရဲ့ မပြီးဆုံးသေးတဲ့ ဥရောပအဆင့်အောင်မြင်မှုရဖို့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးရမှာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းမှာ စီရော်နယ်ဒိုရဲ့ ကွင်းတွင်းအောင်မြင်မှု ကိုစောင့်ကြည့်ရဦးမှာဖြစ်ပေမယ့် ကွင်းပြင်ပအခြေအနေမှာတော့ ဂျူဗင်တပ်စ်အသင်းဟာ Brand တန်ဘိုးအဆ မတန်မြင့်တက်နေသလို အသင်းရဲ့ရှယ်ယာနှုန်းထားကလည်း (၁၆)ရာခိုင်နှုန်းထိမြင့်တက်သွားတယ်လို့သိရပါ တယ်။ စီရော်နယ်ဒိုရဲ့ စွမ်းဆောင်မှုကိုလည်း သံသယဖြစ်စရာမလိုပဲ သူ့ကိုသာလုံလုံလောက်လောက်ပံ့ပိုးပေ မယ်ဆိုရင် စီးရီးအေမှာလည်း ထိပ်တန်းဂိုးသွင်းရှင်းအဖြစ်ရပ်တည်ဦးမယ်လို့ စပိန်မီဒီယာတွေက ရေးသားကြပါ တယ်။ စီရော်နယ်ဒိုဟာ ချန်ပီယံလိဂ်မှာဆိုရင် အထူးခြေစွမ်းပြလေ့ရှိပြီး (၂၀၀၉)ခုနှစ်က ရီးယဲယ်မက်ဒရစ်အ သင်းကိုရောက်ရှိချိန်ကစတင်ပြီး ချန်ပီယံလိဂ်သွင်းဂိုး(၁၀၅)ဂိုးသွင်းခဲ့ကာ (၂၀၀၉)ခုနှစ်နောက်ပိုင်း ချန်ပီယံလိဂ် မှာ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာ၊ ရီးယဲယ်မက်ဒရစ်၊ ချယ်ဆီး၊ အာဆင်နယ်၊ PSG အသင်းတို့ကလွဲရင် ကျန်ဥရောပအသင်းတွေအားလုံးထက် ဂိုးပိုသွင်းထားတာဖြစ်ပါတယ်။ဒါ့အပြင် သူဟာ ဂျူဗင်တပ်စ်အသင်းဘက် ချန်ပီယံလိဂ်သွင်းဂိုး(၁၀)ဂိုးသွင်းယူခဲ့ပြီး ဥရောပပြိုင်ပွဲတွေမှာ အသင်းတစ်သင်းဘက်ကို ဂိုးအများဆုံးသွင်းယူ တာဖြစ်ပါတယ်။

 

 

Related News