အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ (၂၀၁၇-၁၈) ဘောလုံးရာသီက စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် တောင်ပံ ကစားသမား ဆန်းချက်ဇ်ကို စာချုပ်သစ်ချုပ်ဆိုနိုင်ခြင်းမရှိခဲ့တာကြောင့်ဆုံးရှုံးခဲ့ရသလို၊ လက်ရှိမှာလည်းကွင်း လယ်လူရမ်ဆေးကို ဆုံးရှုံးရဖို့တစ်ဖြည်းဖြည်းနီးစပ်လာတယ်လို့သိရပါတယ်။အာဆင်နယ်အသင်းဟာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့်ဆန်းချက်ဇ်ကို အချိန်မှီစာချုပ်သက်တမ်းတိုးနိုင် ခြင်းမရှိခဲ့တာကြောင့် အလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွာခွင့်ပြုခဲ့ရသလို၊ လက်ရှိမှာလည်း (၂၀၁၈) ခုနှစ်အကုန် မှာစာချုပ်သက်တမ်းကုန်ဆုံးမယ့် ကွင်းလယ်လူရမ်ဆေးကိုလည်း စာချုပ်သစ်ချုပ်ဆိုနိုင်ခြင်းမရှိသေးတာဖြစ်ပါ တယ်။ ရမ်ဆေးဟာ ချယ်လ်ဆီးအသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ International Champions Cup ပြိုင်ပွဲကို ကြွက် သားဒဏ်ရာကြောင့်လွဲချော်ခဲ့ပြီး၊ အသင်းပြောင်းရွှေ့ဖို့နီးစပ်လာတယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက် ပေါ်လာခဲ့ပါတယ်။

အာဆင်နယ်အသင်းနည်းပြသစ် အူနိုင်းအမ်မရီအနေနဲ့ကတော့ ဆွီဒင်နိုင်ငံမှာစတော့ဟုမ်း မြို့မှာယှဉ်ပြိုင်ကစားမယ့် လာဇီယိုအသင်းနဲ့ခြေစမ်းပွဲစဉ်နဲ့ မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ကိုသာ လက်ရှိမှာအာရုံစိုက်ထားခဲ့ပြီး၊ ရမ်ဆေးဟာ လာမယ့်အသင်းရဲ့အနာဂတ်မှာပါဝင်နေတဲ့ကစားသမားအဖြစ်ရှိနေ ပါတယ်။ ဒါပေမယ့်လည်းရမ်ဆေးရဲ့ဆန္ဒကို အလေးထားသွားမှာဖြစ်သလို၊ အသင်းဘုတ်အဖွဲ့ဝင်တွေရဲ့ဆန္ဒ တွေကိုလည်း ထည့်သွင်းစဉ်းစားသွားမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ရမ်ဆေးကိုစာချုပ်သစ်ချုပ်ဆိုနိုင်ခြင်းမရှိပါက ပြောင်းရွှေ့ကြေးပေါင်သန်း (၃၀) နဲ့ ရောင်းချသွားမယ်လို့လည်း သတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။

 

 

Related News