မန်ယူအသင်းနည်းပြမော်ရင်ဟိုဟာ ယခုလက်ရှိအပြောင်းအရွေ့အတွင်းမှာ အသင်းခံစစ်ပိုင်းအတွက် ကစားသ မားအများစုကို ခေါ်ယူဖို့စိတ်ဝင်စားခဲ့ပြီး လက်ရှိမှာလည်းဘာစီလိုနာနောက်ခံလူ ယာရီမီနာကိုခေါ်ယူဖို့စိတ် ၀င်စားနေတယ်လို့သိရပါတယ်။ မော်ရင်ဟိုဟာ ယခုလက်ရှိအပြောင်းအရွေ့ကာလမှာ ဂိုးသမား၊ ခံစစ်ညာအစွန်နဲ့ ကွင်းလယ်ပိုင်းအတွက်ကစား သမားတစ်ဦးစီခေါ်ယူထားပြီးလိုအပ်ချက်အချို့ရှိတဲ့ဗဟိုခံစစ်ပိုင်းအတွက်လည်း ကစားသမားတစ်ဦးကိုခေါ်ယူ လိုခဲ့တာဖြစ်ပါတယ်။မော်ရင်ဟိုဟာ အသင်းရဲ့ဗဟိုခံစစ်ပိုင်းအတွက် စပါးနောက်ခံလူ အယ်ဒါဝီရယ်၊အေစီမီလန် နောက်ခံလူ ဘိုနူချီ၊ လက်စ်တာစီးတီးနောက်ခံလူ မက်ဂွါရင်တို့ကိုခေါ်ယူလိုခဲ့ပေမယ့် အယ်ဒါဝီရယ်နဲ့မက်ဂွါရင် တို့အတွက်ပေးချေရမယ့် ပြောင်းရွေ့ကြေးကမြင့်မားနေတာကြောင့် အပြောင်းအရွေ့ဖြစ်မြောက်ဖို့ ခက်ခဲခဲ့ပါ တယ်။

စပါးအသင်းဟာ အယ်ဒါဝီရယ်အတွက် ပေါင်သန်း(၅၀)ထိအလိုရှိခဲ့ပြီး လူငယ်တိုက်စစ်ကစားသမား မာ ရှယ်ကိုပါ ပြန်လည်ခေါ်ယူလိုနေတာကြောင့် အပြောင်းအရွေ့ဖြစ်ပေါ်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။လက်စ်တာစီးတီး အသင်းဟာလည်း အဓိကနောက်ခံလူ မက်ဂွါရင်အတွက် ပြောင်းရွေ့ကြေးပေါင်(၆၅)သန်းထိအလိုရှိနေပြီး မြင့် မားတဲ့ပမာဏတစ်ခုဖြစ်တာကြောင့် အပြောင်းအရွေ့ကြန့်ကြာနေပါတယ်။လက်ရှိမှာတော့ မော်ရင်ဟိုဟာ ဘာစီ လိုနာမှထွက်ခွာဖို့ရှိနေတဲ့ နောက်ခံလူ ယာရီမီနာကို ပစ်မှတ်ထားနေပြီး အဲဗာတန်အသင်းနဲ့အပြိုင်ခေါ်ယူသွားရ ဖို့ရှိနေပါတယ်။

အဲဗာတန်အသင်းဟာ ဘာစီလိုနာခံစစ်ဘယ်အစွန်မှ ဒစ်ဂ်နီကိုပေါင်(၁၈)သန်းနဲ့ခေါ်ယူခဲ့ပြီး နောက် မီနာကိုပါတစ်ဆက်တည်းခေါ်ယူနိုင်ဖို့ ပေါင်(၂၆)သန်းနဲ့ကမ်းလှမ်းခဲ့တယ်လို့ ပြည်ပမီဒီယာတွေကဖော် ပြခဲ့ပါတယ်။ဒါ့အပြင်အဲဗာတန်အသင်းဟာ မန်ယူနောက်ခံလူ ရိုဂျိုကိုခေါ်ယူဖို့စိတ်ဝင်စားနေပြီး မန်ယူအသင်း ဘက်ကလည်း ရိုဂျိုကိုရောင်းချရာမှာရရှိတဲ့ ပြောင်းရွေ့ကြေးနဲ့ မီနာပြန်လည်ခေါ်ယူဖို့ စီစဉ်နေတယ်လို့သိရပါ တယ်။ယာရီမီနာဟာ ဘာစီလိုနာအသင်းထံကို (၂၀၁၈)ဇန်န၀ါရီအပြောင်းအရွေ့မှာ ပါမီးယက်စ်အသင်းမှ ယူရို (၁၁.၈)သန်းနဲ့ပြောင်းရွေ့လာသူဖြစ်ပြီး ဘာစီလိုနာဟာသူ့အတွက် ပြောင်းရွေ့ကြေးအနည်းဆုံးပေါင်သန်း(၃၀) အလိုရှိနေပါတယ်။မီနာဟာ ပြီးခဲ့တဲ့(၂၀၁၈)ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကိုလံဘီယာအသင်းအတွက်ခြေစွမ်းပြခဲ့သူ ဖြစ်ပြီး သွင်းဂိုး(၃)ဂိုးနဲ့ ပြိုင်ပွဲရဲ့ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာပါဝင်ခဲ့တဲ့ နောက်ခံလူတစ်ဦးဖြစ်ပါတယ်။

 

 

 

Related News