ဘောလုံးပြိုင်ပွဲမှာဖျော်ဖြေမှုရသအပေးစွမ်းနိုင်ဆုံးအသင်းအဖြစ်ရပ်တည်ခဲ့တဲ့ ဘာစီလိုနာအသင်းဟာ ဇာဗီ၊ အင်နီယေစတာတို့ရဲ့ကွင်းလယ်နေရာကိုအစားထိုးနိုင်ဖို့အတွက်ဟာ ဖြေရှင်းရခက်ခဲနေခဲ့တဲ့ကွင်းလယ် ပုစ္ဆာတစ်ခုသဖွယ်ဖြစ်နေတယ်လို့သိရပါတယ်။ တီကီတာကာဆိုတဲ့အခေါ်အဝေါ်ကိုစတင်ခဲ့တဲ့အသင်းဟာ စပိန်နိုင်ငံရဲ့ကလပ်အသင်းဖြစ်တဲ့ ဘာစီလို နာအသင်းလို့ ပရိသတ်အများစုကသိရှိထားခဲ့ကြပြီး၊ မော်ဒန်ဘောလုံးလောကမှာ ညက်ညောတဲ့ကစားဟန်နဲ့ ဂွါ ဒီယိုလာနဲ့ ဇာဗီတို့ဟာလည်း ဘာစီလိုနာအသင်းရဲ့ Icon တွေဖြစ်ခဲ့ကြပါတယ်။

ဒါပေမယ့်လည်း (၂၀၁၂) ခုနှစ် မှာ ဂွါဒီယိုလာနဲ့ (၂၀၁၅) ခုနှစ်တို့မှာ ဇာဗီတို့အနေနဲ့ ဘာစီလိုနာအသင်းကိုစွန့်ခွာသွားချိန်မှာတော့ ဘာစီလိုနာ အသင်းဟာ အောင်မြင်မှုတွေရရှိနေဆဲဖြစ်ပေမယ့်လည်း ယခင်ကဘာစီလိုနာအသင်းနဲ့ များစွာကွာခြားသွားခဲ့ပါ တယ်။ ဂွါဒီယိုလာနောက်ပိုင်း ဗီလာနိုဗာ၊ မာတီနို၊ လူးဝစ်အန်းနရစ်နဲ့ လက်ရှိဗယ်ဗာဒီတို့ကိုခန့်အပ်ထားခဲ့သလို၊ ဇာဗီရဲ့နေရာအတွက်လည်း အာဒါတူရန်၊ အန်ဒရီဂိုးမက်ဇ်၊ ပေါ်လင်ညိုအစရှိတဲ့ကစားသမားအပါအ၀င် ကစား သမား (၆) ဦးအထိခေါ်ယူအားဖြည့်ထားရာမှာ ယူရိုသန်း (၃၀၀) နီးပါးအသုံးပြုထားခဲ့ပါတယ်။

ဘာစီလိုနာအ သင်းဟာ နည်းပြပိုင်းဆိုင်ရာခန့်အပ်မှုမှာ ကြီးကြီးမားမားပြဿနာရင်ဆိုင်ရခြင်းမရှိပေမယ့်လည်း ဇာဗီရဲ့နေရာ အတွက်ကတော့ လက်ရှိအချိန်အထိအစားထိုးနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ဇာဗီရဲ့ တစ်နေရာအတွက်အစားထိုးနိုင်ခြင်းမရှိသေးသလို၊ နောက်ထပ်ကစားသမားတစ်ဦးဖြစ်တဲ့ အင်နီယေစတာဟာ လည်း ဘာစီလိုနာအသင်းနဲ့ ပြီးခဲ့တဲ့ရာသီကလမ်းခွဲထားခဲ့ပါတယ်။လက်ရှိမှာထွက်ပေါ်နေတဲ့သတင်းတွေအရဘာစီလိုနာအသင်းဟာ ကွင်းလယ်တစ်နေရာအတွက် ဘိုင်ယန်မြူးနစ် ကွင်းလယ်လူဗီဒယ်လ်ကို ပြောင်းရွှေ့ကြေးပေါင်(၂၇)သန်းနဲ့ ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရသဘောတူညီမှု ရရှိထားခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။

 


 
 

Related News