ဂျူဗင်တပ်အသင်းရဲ့အဓိကတိုက်စစ်မှူး ဟီဂူအင်ဟာ လက်ရှိမှာစီးရီးအေပြိုင်ဘက်အေစီမီလန်အသင်းထံကို ပြောင်းရွေ့ခဲ့တယ်လို့သိရပါတယ်။ ဂျူဗင်တပ်အသင်းဟာ ယခုလက်ရှိအပြောင်းအရွေ့ကာလအတွင်းမှာ ရီးယဲမက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုကို ခေါ်ယူခဲ့ပြီးနောက် အသင်းမှရှိရင်းစွဲတိုက်စစ်မှူး ဟီဂူအင်ရဲ့ အနာဂတ်ဟာ မရေရာမရာဖြစ်လာခဲ့ပါတယ်။ဂျူ ဗင်တပ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်မရေရာတော့တဲ့ ဟီဂူအင်ကို ဆာရီရဲ့ချယ်ဆီးအသင်းက ခေါ်ယူဖို့စိတ်ဝင်စား ခဲ့ပေမယ့် လက်ရှိမှာတော့ ဟီဂူအင်ဟာစီးရီးအေပြိုင်ဘက် အေစီမီလန်အသင်းထံကို အငှားစာချုပ်နဲ့ပြောင်းရွေ့ ခဲ့တာဖြစ်ပါတယ်။အေစီမီလန်အသင်းဟာ ဟီဂူအင်ကိုတစ်ရာသီအငှားခေါ်ယူနိုင်ဖို့ ဂျူဗင်တပ်အသင်းထံကိုယူရို (၁၈)သန်းပေးခဲ့ရပြီး ရာသီကုန်မှာအပြီးသတ်ခေါ်ယူမည်ဆိုပါက ယူရို(၃၆)သန်းနဲ့ခေါ်ယူနိုင်မှာဖြစ်ပါတယ်။

ဟီဂူ အင်ဟာ (၂၀၁၆)နွေရာသီအပြောင်းအရွေ့မှာ နာပိုလီအသင်းထံမှဂျူဗင်တပ်အသင်းထံကို ယူရိုသန်း(၉၀)နဲ့ ပြောင်းရွေ့လာသူဖြစ်ပြီး ဂျူဗင်တပ်အတွက်ကစားခဲ့တဲ့ ဘောလုံးရာသီ(၂)ရာသီမှာ ပြိုင်ပွဲစုံ(၁၀၅)ပွဲ၊ သွင်းဂိုး (၅၅)ဂိုးသွင်းယူခဲ့သူဖြစ်ပါတယ်။အေစီမီလန်နဲ့ဂျူဗင်တပ်အသင်းတို့ကြားမှာ ဟီဂူအင်ရဲ့အပြောင်းအရွေ့အပြီး မှာခံစစ်ကစားသမားတွေဖြစ်တဲ့ ဘိုနူချီ နဲ့ ကယ်ဒါရာတို့ရဲ့ အပြောင်းအရွေ့ထပ်မံဖြစ်ပေါ်ခဲ့ပါတယ်။(၂၀၁၇-၁၈) ဘောလုံးရာသီရဲ့နွေဈေးကွက်မှာ ဂျူဗင်တပ်အသင်းထံမှ အေစီမီလန်ကိုပြောင်းရွေ့ခဲ့တဲ့ ဘိုနူချီဟာ လက်ရှိမှာ ဂျူဗင်တပ်အသင်းထံကို ပြန်လည်ပြောင်းရွေ့ခဲ့ပြီး ဂျူဗင်တပ်နောက်ခံလူ မက်တီရာကယ်ဒါရာက အေစီမီလန် အသင်းထံကိုအလဲအထပ်အနေနဲ့ ပြောင်းရွေ့ခဲ့တာဖြစ်ပါတယ်။ပြည်ပမီဒီယာတွေရဲ့ဖော်ပြမှုအရ နှစ်ဦးစလုံးဟာ ပြောင်းရွေ့ကြေး ယူရို(၃၅)သန်းစီ တန်ကြေးရှိခဲ့တယ်လို့သိရပါတယ်။

 

 

Related News