(၂၀၁၈-၁၉)ဘောလုံရာသီ အင်္ဂလန်ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ ယခုလအတွင်းမှာပြန်လည်ကျင်းပတော့မှာဖြစ်ပြီး ပြိုင်ပွဲရဲ့တန်ကြေးအမြင့်ဆုံး ကစားသမားဖြစ်တဲ့ ပေါ့ဘာအပါအ၀င် နာမည်ကြီးကစားသမားအချို့ဟာ ရာသီသစ်မှာ ပုံစံကောင်းပြသနိုင်ဖို့ ကြိုးပမ်းရမှာဖြစ်ပါတယ်။ ဥရောပမီဒီယာတွေရဲ့ဖော်ပြမှုအရ လာမယ့်(၂၀၁၈-၁၉)ဘောလုံးရာသီအတွက် ပုံစံကောင်းပြသရမယ့် ကစား သမားတွေထဲမှာ မန်ယူအသင်းမှ ပေါ့ဘာ၊ အာဆင်နယ်ကွင်းလယ်လူ အိုဇေး၊ ချယ်ဆီးမှ ဘာကလေ၊ ၀က်စ် ဟမ်းမှ ၀ီရှိုင်းယား၊ မန်စီးတီးမှ မန်ဒီတို့ပါဝင်နေပါတယ်။

 ပေါ့ဘာဟာမန်ယူ ကွင်းလယ်မှာ ထိုက်သင့်တဲ့ ခြေစွမ်း မျိုးပြသထားနိုင်ပေမယ့် နည်းပြမော်ရင်ဟိုက ကမ္ဘာ့ဖလားပြိုင်ပွဲမှာပြင်သစ်နဲ့ အတူပြသခဲ့တဲ့ခြေစွမ်းမျိုးကို အလိုရှိနေပါတယ်။အာဆင်နယ်ကွင်းလယ်လူ အိုဇေးကတော့ ပရီးမီးယားလိဂ်ရဲ့ လစာအများဆုံး ကစားသမား တွေမှတစ်ဦးဖြစ်ပေမယ့် ပြီးခဲ့တဲ့ရာသီမှာအာဆင်နယ်နဲ့အတူ ခြေစွမ်းကောင်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသလို ဂျာမနီအသင်းနဲ့အတူလည်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြသနိုင်ခြင်းမရှိတာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ ရသူဖြစ်ပါတယ်။ဒါကြောင့်အိုဇေးဟာ လာမယ့်ပရီးမီးယားလိဂ်ရာသီသစ်မှာ အာဆင်နယ်နဲ့အတူ ခြေစွမ်း ကောင်းတွေပြသနိုင်ဖို့လိုအပ်ပြီး ဝေဖန်မှုတွေကို မှားယွင်းကြောင်းသက်သေပြသရမှာဖြစ်ပါတယ်။

ချယ်ဆီး အသင်းမှ ဘာကလေကတော့ ပြီးခဲ့တဲ့ရာသီမှာ အသင်းကိုရောက်ရှိခဲ့ပြီး ဒဏ်ရာပြဿနာတွေ ကြောင့် ပုံမှန်ခြေစွမ်းပျောက်ဆုံးခဲ့ပြီး လက်ရှိမှာတော့ ဒဏ်ရာပြဿနာကင်းစင်နေပြီဖြစ်တာကြောင့် ရာသီသစ် မှာချယ်ဆီးနဲ့အတူ ခြေစွမ်းကောင်းတွေပြသနိုင်ဖို့ စွမ်းဆောင်ရမှာဖြစ်ပါတယ်။အာဆင်နယ်အသင်းမှ ၀က်စ်ဟမ်း အသင်းကို အလွတ်ပြောင်းရွေ့ကြေးနဲ့ပြောင်းရွေ့ခဲ့တဲ့ ၀ီရှိုင်းယားဟာလည်း အသင်းမှာပုံမှန်ပွဲထွက်ခွင့်ရဖို့ရှိနေ တာကြောင့် အကောင်းဆုံးစွမ်းဆောင်ရည်နဲ့အတူ ၀က်စ်ဟမ်းအသင်းကို အဆင့်(၁)ခုရောက်အောင် ဆွဲတင် ပေးနိုင်ဖို့လိုအပ်နေပါတယ်။မန်စီးတီးအသင်းရဲ့ ဘယ်နောက်ခံလူ မန်ဒီကတော့ နေရာအလိုက် ကမ္ဘာ့တန်ဖိုး အကြီးဆုံးကစားသမားစာရင်းမှာ ပြောင်းရွေ့ကြေး(၅၂)သန်းနဲ့ပါဝင်ခဲ့သူဖြစ်ပြီး ဒဏ်ရာပြဿနာတွေကြောင့် ပြောင်းရွေ့ကြေးနဲ့ထိုက်တန်တဲ့ ခြေစွမ်းမျိုးပြသနိုင်ခြင်းမရှိသေးပဲ ရာသီသစ်မှာ ခြေစွမ်းကောင်းတွေပြသဖို့ လိုအပ်တဲ့ ကစားသမားစာရင်းမှာပါဝင်ခဲ့တာဖြစ်ပါတယ်။

 

 

 

Related News