မန်ယူအသင်းရဲ့အမှုဆောင်အရာရှိချုပ်အက်ဒ်ဝုဒ်ဝက်နဲ့ အပြောင်းအရွှေ့ကိစ္စရပ်တွေမှာမပြေလည်မှု တွေရှိလာပြီးနောက်မှာ နည်းပြမော်ရင်ညိုဟာ ထုတ်ပယ်ခံရဖို့ရာခိုင်နှုန်းအများဆုံးဖြစ်လာသလို၊ လက်တလောမှာလည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုအများဆုံးပုဂ္ဂိုလ်တစ်ဦးအဖြစ်ရှိနေတယ်လို့သိရပါတယ်။ မော်ရင်ညိုဟာ စပါယ်ရှယ်ဝမ်းလို့ ကိုယ့်ကိုကိုယ်တင်စားခေါ်ဝေါ်ခဲ့သလို၊ ဘောလုံးပြိုင်ပွဲတွေမှာလည်း သူမတူတဲ့လုပ်ရပ်တွေကြောင့် အများသတိထားမိတဲ့သူတစ်ဦးအဖြစ်ရှိနေခဲ့ပါတယ်။ နည်းပြလောကမှာအောင် မြင်မှုအများအပြားရယူနိုင်ခဲ့သလို၊ အခြားသောနည်းပြတွေနဲ့လည်း အချင်းများမှုတွေမကြာခဏဖြစ်ပွားလေ့ရှိ တာဖြစ်ပါတယ်။

မော်ရင်ညိုအနေနဲ့ကတော့ လက်ရှိအပြောင်းအရွှေ့ကာလမှာ ဘရာဇီးလ်ကွင်းလယ်လူဖရက်ဒ် နဲ့ လူငယ်ကစားသမားဒါးလော့တို့အပါအ၀င် ကစားသမား (၃) ဦးလောက်သာခေါ်ယူထားခဲ့မှုကြောင့် အပြောင်း အရွှေ့မပိတ်မီ ကစားသမား (၂) ဦးလောက်ထပ်မံခေါ်ယူလိုနေပါတယ်။ သူဟာအသင်းရဲ့အားနည်းနေတဲ့ဗဟိုခံ စစ်နေရာအတွက် စပါးစ်အသင်းနောက်ခံလူအယ်လ်ဒါဝီရယ်၊ လက်ခ်ျစတာစီးတီးနောက်ခံလူမက်ဂွါရီနဲ့ ဘာစီလို နာနောက်ခံလူမီနာတို့ကိုခေါ်ယူလိုနေပေမယ့်လည်း လက်ရှိအချိန်အထိအသင်းရဲ့ဘုတ်အဖွဲ့ဝင်တွေနဲ့ သဘော ထားကွဲလွဲမှုတွေရှိနေခဲ့ပါတယ်။

မော်ရင်ညိုအနေနဲ့ မန်စီးတီးအသင်းကိုလိုက်မှီနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေး အများအပြားအသုံးပြုရဦးမယ်လို့ ပြီးခဲ့တဲ့ (၂၀၁၇-၁၈) ရာသီမကုန်ဆုံးခင်ကတည်းက မှတ်ချက်ပြုပြောကြားထားခဲ့ပြီး၊ အသင်းကိုအရည်အသွေးမြင့်ကစားသမားတွေ ထပ်မံခေါ်ယူလိုနေတာဖြစ်ပါတယ်။ မော်ရင်ညိုဟာ မန်ယူအသင်းကို (၂၀၁၆-၁၇) ရာသီမှာစတင်ရောက်ရှိခဲ့ပြီး၊ အသင်းကိုယူရိုပါလိဂ်၊ ကွန် မြူနတီဒိုင်းနဲ့ ကာရာဘောင်းချန်ပီယံဆုတွေကိုရယူပေးထားကာ မန်ယူအသင်းဟာလည်း သူခေါ်ယူလိုခဲ့တဲ့ပေါ့ဘာနဲ့ လူကာကူတို့ ကိုလည်း ပြောင်းရွှေ့ကြေးများစွာအသုံးပြုကာခေါ်ယူပေးခဲ့တာဖြစ်ပါတယ်။

 

 

 

Related News