မန်ယူအသင်းနည်းပြ မော်ရင်ညိုဟာ လာမယ့်ရာသီအတွက် ကစားသမားသစ်တွေ မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်နေသေးကြောင်းနဲ့ ကစားသမားအင်အားဖြည့်တင်းမှု မပြုလုပ်ဘူးဆိုရင် လာမယ့်ရာသီဟာ ခက်ခဲမယ့် ရာသီ အဖြစ်ရှိနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ မော်ရင်ညိုဟာ ဘိုင်ယန်မြူးနစ်အသင်းကို (၁)ဂိုး၊ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ International Champions Cup ပွဲစဉ်အပြီးမှာ ကစားသမားသစ် ထပ်မံလိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

မန်ယူအသင်းဟာ ယခုနှစ်အပြောင်း အရွှေ့မှာ ရှက်တာဒိုးနက်ကွင်းလယ်လူ ဖရက်နဲ့ ပေါ်တိုမှ ဒါးလော့ တို့ကို ခေါ်ယူထားပြီး မော်ရင်ညိုက ကစား သမားသစ်တွေ ထပ်မံအလိုရှိနေတာဖြစ်ပါတယ်။ မော်ရင်ညိုဟာ မြန်နှုန်းမြင့်တဲ့ တောင်ပံကစားသမားတစ် ယောက်နဲ့အရည်အသွေးမြင့် ခံစစ်ကစားသမားတစ်ဦးကို ခေါ်ယူလို့ အလိုရှိနေတယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ ပါတယ်။ လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရ မော်ရင်ညိုဟာ လက်စတာမှ မက်ဂွါရီ၊ ဘိုင်ယန်မြူးနစ်မှ ဘိုတန်၊ စပါးမှ အယ်ဒါဝီရယ်တို့ထဲမှ တစ်ဦးကို ခံစစ်ပိုင်းအားဖြည့်ဖို့အတွက် ခေါ်ယူလိုနေပြီး အသင်းတာဝန်ရှိ သူတွေက သွေးအေးနေတာကြောင့် ဒေါသထွက်နေတယ်လို့ သိရပါတယ်။

 မော်ရင်ညိုက အသင်းတာဝန်ရှိသူ တွေထံ အလိုရှိတဲ့ ကစားသမားစာရင်းပေးပို့ထားပြီး ဖြစ်ကြောင်းနဲ့ ခေါ်ယူပေးမယ့်အချိန်ကို စောင့်နေဆဲဖြစ် ကြောင်း၊ အခြားအသင်းတွေက ကြီးကြီးမားမားပြင်ဆင် ပြီး ရာသီသစ်အတွက် အဆင်သင့်ဖြစ်နေချိန်မှာ မိမိတို့ကလုံလောက်တဲ့ ပြင်ဆင်မှုမလုပ်ဘူးဆိုရင် ရာသီသစ်မှာ ခက်ခဲနိုင်ဖွယ်ရှိကြောင်း ဘိုင်ယန်မြူးနစ် အသင်းနဲ့ ပွဲစဉ်အပြီးမှာ ပြောကြားခဲ့ပါတယ်။ 

အသင်းတာဝန်ရှိသူတွေကတော့ လက်ရှိကစားသမားစာရင်း ဟာ ပြည့်စုံနေပြီလို့ ယူဆနေပြီး အသင်းမှာ ရှိတဲ့ မာရှယ်၊ ရက်ဖို့စ်တို့လို လူငယ်တွေကို ယုံယုံကြည်ကြည်နဲ့ နေရာပေးဖို့ ဆန္ဒရှိနေကြတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ကစားသမားခေါ်ယူခွင့်အပြောင်းအရွှေ့ဈေးကွက်ဟာ သြဂုတ်လ(၉)ရက်နေ့ မှာ ပိတ်မှာဖြစ်ပြီး မော်ရင်ညိုအလိုရှိတဲ့ ကစားသမားသစ်တွေ အသင်းထံရောက်လာမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

 

 

Related News