ပြင်သစ်အသင်းရဲ့ကမ္ဘာ့ဖလားချန်ပီယံဆုရှင်ပေါ့ဘာဟာ နည်းပြမော်ရင်ညိုနဲ့မကျေလည်မှုတွေရှိနေခဲ့ပြီး၊ မန်ယူအသင်း တာဝန်ရှိသူတွေအနေနဲ့ ပေါ့ဘာကိုစိတ်ကြိုက်ကစားကွက်တစ်ခုမှာကစားစေလိုနေပေမယ့်လည်း နည်းပြမော်ရင်ညိုနဲ့သဘောထားကွဲလွဲမှုတွေရှိနေခဲ့တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ (၂၀၁၇-၁၈) ဘောလုံးရာသီမှာ ကွင်းလယ်လူပေါ့ဘာအနေနဲ့ စိတ်ကြိုက်ပုံစံတစ်ခုမှာကစားခဲ့ရ ခြင်းမရှိပဲ၊ နည်းပြမော်ရင်ညိုရဲ့ကစားကွက်အောက်မှာကစားခဲ့ရတာကြောင့် ပေါ့ဘာနဲ့ မော်ရင်ညိုတို့ဟာ မကျေ လည်မှုတွေရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာထွက်ပေါ်နေတဲ့သတင်းတွေအရ ဘာစီလိုနာအသင်းဟာ ပေါ့ဘာကို ခေါ်ယူဖို့အတွက် ယူရိုသန်း (၅၀) အပြင် ကွင်းလယ်လူအန်ဒရီဂိုးမက်ဇ်နဲ့ နောက်ခံလူမီနာတို့ကိုအလိုက်ပေးကာ ခေါ်ယူဖို့ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းဟာ ဘာစီလိုနာအသင်းရဲ့ကမ်းလှမ်းမှုကိုချက်ခြင်းဆိုသလို ပယ်ချခဲ့ပြီး၊ ပေါ့ဘာဟာ မန်ယူအသင်းရဲ့ရောင်းချသွားမယ့်ကစားသမားတစ်ဦးမဟုတ်ကြောင်းထုတ်ပြန်ခဲ့ပါ တယ်။

မန်ယူအသင်းနည်းပြမော်ရင်ညိုဟာ လက်ရှိမှာအသင်းတာဝန်ရှိသူတွေနဲ့လည်း သဘောထားကွဲလွဲမှု တွေရှိနေခဲ့ပြီး၊ ကစားသမားသစ်ထပ်မံခေါ်ယူပေးခြင်းမရှိတော့တာဟာ မော်ရင်ညိုရဲ့ကျဆုံးလေ့ရှိတဲ့တတိယ မြောက်ရာသီကြောင့်လားဆိုတာကလည်း မေးခွန်းထုတ်စရာဖြစ်နေခဲ့ပါတယ်။ မော်ရင်ညိုဟာ ကိုင်တွယ်ခဲ့တဲ့အ သင်းတိုင်းကို ထိုက်သင့်တဲ့အောင်မြင်မှုတွေရယူပေးနိုင်ခဲ့ပေမယ့်လည်း တတိယမြောက်ရာသီမှာတော့ ကျရှုံး လေ့ရှိတာဖြစ်ပါတယ်။

အပြောင်းအရွှေ့ကာလရောက်ရှိချိန်တိုင်းမှာ နာမည်ကြီးအပြောင်းအရွှေ့တွေပြုလုပ်လေ့ ရှိတဲ့မန်ယူအသင်းဟာ လက်ရှိအပြောင်းအရွှေ့ကာလမှာ မထင်မရှားကစားသမားတွေကိုသာခေါ်ယူထားခဲ့ပါ တယ်။ ပေါ့ဘာဟာ မန်ယူအသင်းနဲ့လက်ရှိအချိန်အထိလာရောက်ပူးပေါင်းခြင်းမရှိသေးပဲ၊ အေးဂျင့်ရွိုင်းအိုလာ အနေနဲ့ကလည်း ပေါ့ဘာကိုမန်ယူအသင်းကနေထွက်ခွာစေလိုတယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။

 

 

 

Related News