ပရီးမီးယားလိဂ်ကလပ် လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ဒိုင်လူကြီးတွေရဲ့ မှားယွင်းတဲ့ ဆုံးဖြတ် ချက်အချို့ကြောင့် ရမှတ်(၁၂)မှတ်ထိ နစ်နာဆုံးရှုံးခဲ့ပြီး ပရီးမီးယားလိဂ်မှာ ဒုတိယနေရာ ရပ်တည်နိုင်မယ့်အခွင့် အရေး ဆုံးရှုံးလိုက်ရကြောင်း စစ်တမ်းတစ်ရပ်ထွက်ပေါ်လာခဲ့ပါတယ်။ ESPN သတင်းဌာနက ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်း ပီတာဝေါ်တန်ရဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီပရီးမီး ယားလိဂ် ပွဲစဉ်တွေအားလုံးအပေါ် လေ့လာဆန်းစစ်မှုတွေကို အခြေခံကာ ယခုလိုထုတ်ပြန်လိုက်တာဖြစ်ပါ တယ်။

ESPN က ပြီးခဲ့တဲ့ဘောလုံးရာသီ ပရီးမီးယားလိဂ်ဒိုင်လူကြီးတွေရဲ့ ရသင့်တဲ့ဂိုးအနေအထားကို ဂိုးအဖြစ် သတ်မှတ်မပေးခဲ့တဲ့အခြေအနေ၊ မှားယွင်းပေးခဲ့တဲ့ ပင်နယ်တီအရေအတွက်၊ ရသင့်တဲ့ ပင်နယ်တီကို ခွင့်မပြု ပေးခဲ့တဲ့အနေအထား၊ မှားယွင်းတဲ့ အနီကဒ်ပြစ်ဒဏ်နဲ့ ပြသသင့်တဲ့ အနေအထားကို ပြိုင်ဘက်ကစားသမားအ ပေါ် အနီကဒ်ပြဖို့ ငြင်းဆန်မှု အစရှိတာတွေနဲ့ တွက်ချက်ကာ ပရီးမီးယားလိဂ်အသင်းတွေရဲ့ ရမှတ်ပိုရမှုနဲ့ ရမှတ် ဆုံးရှုံးမှုတို့ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ရမှတ်(၇၅)မှတ်နဲ့ အဆင့် (၄)နေရာမှာရပ်တည်ခဲ့ပေမယ့် ဒိုင်လူကြီးတွေရဲ့မှားယွင်းဆုံးဖြတ်မှုသာ မရှိခဲ့ဘူးဆိုရင် ရမှတ်(၈၇)မှတ်နဲ့အဆင့် (၂)နေရာမှာရပ်တည်နိုင်မှာဖြစ်ပါတယ်။ 

လီဗာပူးလ်အသင်းဟာ ဒိုင်လူကြီးတွေရဲ့ မှားယွင်းဆုံးဖြတ်မှုကြောင့် အမှတ်လျော့ခဲ့ပေမယ့် မန်ယူအသင်းကတော့ ရမှတ်(၆)မှတ်ထိပိုရကာ ကံအကောင်းဆုံးအသင်းဖြစ်ခဲ့ပါတယ်။ မန်ယူအသင်းဟာ ရမှတ်(၈၁)မှတ်နဲ့ အဆင့်(၂)နေရာမှာရပ်တည်ခဲ့ပေမယ့် ဒိုင်လူကြီးတွေရဲ့ မတော်တဆ မှား ယွင်းဆုံးဖြတ်မှုသာ မရှိဘူးဆိုရင် ရမှတ်(၇၅)မှတ်နဲ့ အဆင့်(၄)နေရာမှာသာရပ်တည်မှာဖြစ်ပါတယ်။ လီဗာပူးလ် အသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီ မန်ယူအသင်းနဲ့ ပထမအကျော့ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်မှာ (၆၃)မိနစ်မှာ သေချာပေါက်ပင်နယ်တီရမယ့်အခွင့်အရေးရှိပေမယ့်ဒိုင်လူကြီး ငြင်းပယ်ခဲ့တာဟာ အနစ်နာဆုံးအချက်ဖြစ်တယ် လို့ စစ်တမ်းမှာ ပါဝင်ခဲ့ပါတယ်။

မန်ယူနည်းတူ ဒိုင်လူကြီးတွေရဲ့ မတော်တဆမှားယွင်းမှုကြောင့် ကံကောင်းတဲ့ အသင်းတစ်သင်းဟာ ဟက်ဒါဖီးလ်အသင်းဖြစ်ပြီး ရမှတ်(၃၇)မှတ်နဲ့ တန်းဆင်းအန္တရာယ်မှ လွတ်မြောက်ခဲ့ပေ မယ့် မှားယွင်းဆုံးဖြတ်မှုအချို့သာမရှိဘူးဆိုရင် သေချာပေါက်တန်းဆင်းရမယ်လို့ စစ်တမ်းမှာ ပါရှိခဲ့ပါတယ်။

 

 

Related News