အာဆင်နယ်အသင်းရဲ့ရှယ်ယာ (၃၀) ရာခိုင်နှုန်းကိုပိုင်ဆိုင်ထားခဲ့တဲ့ ရုရှားသူဌေးအူစမန်နော့ဗ်ဟာ ရှယ်ယာအများစုကိုပိုင်ဆိုင်ထားခဲ့တဲ့ အမေရိကန်ဘီလျံနာခရွန်ကီရဲ့ကမ်းလှမ်းမှုတစ်ရပ်ကိုလက်ခံခဲ့တယ်လို့သိ ရပါတယ်။ အာဆင်နယ်အသင်းရဲ့ရှယ်ယာ (၆၇) ရာခိုင်နှုန်းပိုင်ဆိုင်ထားခဲ့တဲ့ အမေရိကန်ဘီလျံနာတစ်ဦးဖြစ်တဲ့ခ ရွန်ကီဟာ အာဆင်နယ်အသင်းကိုအလုံးစုံပိုင်ဆိုင်ခွင့်ရရှိဖို့အတွက် ရှယ်ယာ (၃၀) ရာခိုင်နှုန်းကိုပိုင်ဆိုင်ထားခဲ့ တဲ့ ရုရှားသူဌေးအူစမန်နော့ဗ်ထံမှ ရှယ်ယာတွေကိုဝယ်ယူဖို့အတွက်ကမ်းလှမ်းမှုတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။

ခရွန် ကီဟာ ရုရှားသူဌေးအူစမန်နော့ဗ်ထံမှ ရှယ်ယာ (၃၀) ရာခိုင်နှုန်းကိုဝယ်ယူဖို့အတွက် ပေါင်သန်း (၅၅၀) နဲ့ကမ်း လှမ်းခဲ့ပြီး၊ လက်ရှိမှာတော့ ရုရှားသူဌေးအူစမန်နော့ဗ်အနေနဲ့ အဆိုပါကမ်းလှမ်းမှုကိုလက်ခံကြောင်းပြောကြားခဲ့ ပါတယ်။ ရုရှားသူဌေးအူစမန်နော့ဗ်အနေနဲ့ ခရွန်ကီရဲ့ကမ်းလှမ်းမှုကိုလက်ခံခဲ့တာကြောင့် ခရွန်ကီဟာ အာဆင် နယ်အသင်းကိုအလုံးစုံပိုင်ဆိုင်ခွင့်ရရှိလာတော့မှာဖြစ်ပြီး၊ သားဖြစ်သူဂျို့စ်ခရွန်ကီကိုလည်း အသင်းမှာရာထူး တစ်ခုပေးအပ်သွားဖို့အတွက်စီစဉ်နေခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့အားကစားဒါရိုက်တာတစ်ဦးဖြစ်သူဂါဇီ ဒစ်ဟာ အေစီမီလန်အသင်းကိုပြောင်းရွှေ့ဖို့သတင်းကြီးနေသူတစ်ဦးဖြစ်ပြီး၊ ခရွန်ကီဟာ လစ်လပ်သွားမယ့်ဂါဇီ ဒစ်ရဲ့အားကစားဒါရိုက်တာရာထူးကို သားဖြစ်သူဂျို့စ်ခရွန်ကီကို ပေးအပ်သွားဖို့အတွက်ဆန္ဒရှိနေခဲ့ပါတယ်။

ခရွန်ကီအနေနဲ့ အာဆင်နယ်အသင်းကိုအလုံးစုံပိုင်ဆိုင်ခွင့်ရရှိလာတော့မှာဖြစ်ပေမယ့်လည်း အသင်းပရိသတ် တွေကတော့ ခရွန်ကီကိုအလိုမရှိပဲ၊ ခရွန်ကီဟာ အသင်းကိုရင်းနှီးမြုပ်နှံမှုတွေပြုလုပ်ရာမှာ ငွေကြေးအနည်းငယ် သာအသုံးပြုလေ့ရှိတာကြောင့် ပရိသတ်တွေရဲ့ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ခရွန်ကီဟာ (၂၀၀၇) ခုနှစ်၊ ဧပြီလအတွင်းက အာဆင်နယ်အသင်းရဲ့ရှယ်ယာ (၉.၉) ရာခိုင်နှုန်းကိုစ တင်ဝယ်ယူခဲ့ပြီး၊ လက်ရှိမှာတော့ အသင်းကိုအလုံးစုံပိုင်ဆိုင်ခွင့်ရရှိတော့မှာ ဖြစ်ပါတယ်။

 


 

Related News