လက်ရှိအပြောင်းအရွေ့ကာလမှာ အဓိကတိုက်စစ်မှူး စီရော်နယ်ဒိုကိုလက်လွတ်ထားရပြီး နောက်ထပ်အဓိက ကွင်းလယ်မိုဒရစ်ကိုပါ ဆုံးရှုံးရဖွယ်ရှိနေတဲ့ ရီးယဲမက်ဒရစ်အသင်းဟာ လက်ရှိမှာအရည်အသွေးမြင့်ကွင်းလယ် ကစားသမား(၃)ဦးကို ပစ်မှတ်ထားနေတယ်လို့သိရပါတယ်။ ရီးယဲမက်ဒရစ်အသင်းဟာ လက်ရှိမှာကွင်းလယ်လူ ကိုဗာချစ်ကို ချယ်ဆီးအသင်းထံကို အငှားစာချုပ်နဲ့ပြောင်း ရွေ့ကစားစေခဲ့ပြီး အဓိကကွင်းလယ်လူ မိုဒရစ်ကိုလည်း လက်လွတ်ရမယ့်အခြေနေနဲ့ရင်ဆိုင်နေရပါတယ်။ပြည် ပမီဒီယာတွေကဖော်ပြခဲ့ရာမှာ မိုဒရစ်ဟာ ရီးယဲမက်ဒရစ်မှထွက်ခွာဖို့ဆန္ဒရှိနေပြီး စီးရီးအေကလပ်အင်တာမီလန် အသင်းကလည်း သူ့ကိုခေါ်လိုနေတာဖြစ်ပါတယ်။

ရီးယဲမက်ဒရစ်ဟာ မိုဒရစ်ထွက်ခွာခဲ့ပါက သူ့ရဲ့နေရာကိုတိုက် ရိုက်အစားထိုးနိုင်ဖို့ စပါးကွင်းလယ်လူ အဲရစ်ဆင်၊ လာဇီယိုမှ ဆာဗစ်၊ ဘိုင်ယန်မြူးနစ်မှ အယ်ကန်တာရာတို့ကို ပစ်မှတ်ထားနေပါတယ်။အသက်(၂၆)နှစ်အရွယ် အဲရစ်ဆင်ဟာ မိုဒရစ်ရဲ့နေရာကိုတိုက်ရိုက်အစားထိုးနိုင်မယ့် သူအဖြစ် ရီးယဲမက်ဒရစ်ကယူဆနေပြီး အဓိကပစ်မှတ်ထားခေါ်ယူလိုနေပေမယ့် ပရီးမီးယားလိဂ်ရဲ့အပြောင်းအ ရွေ့ဈေးကွက်ပိတ်သိမ်းဖို့ နာရီပိုင်းသာလိုအပ်တဲ့အခြေနေမှာ ခေါ်ယူနိုင်ဖို့ခက်ခဲနေပါတယ်။ရီးယဲမက်ဒရစ်နည်း ပြသစ်လိုပီတီဂူဟာ အဲရစ်ဆင်ကိုခေါ်ယူနိုင်ခြင်းမရှိပါက ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ အယ်ကန်တာရာကို ဒုတိ ယဦးစားပေးကစားသမားအဖြစ်ခေါ်ယူဖို့ ဆန္ဒရှိနေပါတယ်။ရီးယဲမက်ဒရစ်အသင်းဟာ အသက်(၂၇)နှစ်အရွယ် အယ်ကန်တာရာကိုခေါ်ယူဖို့ ကြိုးပမ်းမယ်ဆိုရင် ထိုက်သင့်တဲ့ပြောင်းရွေ့ကြေးသာပေးချေရဖို့ရှိနေပြီး လိုပီတီဂူဟာလည်း သူ့ရဲ့အခင်းအကျင်းနဲ့ နည်းစနစ်ပိုင်းအပြောင်းအလဲတွေမှာ အံဝင်နိုင်မယ့်သူအဖြစ်ယုံကြည် နေပါတယ်။

ရီးယဲမက်ဒရစ်အသင်းပစ်မှတ်ထားနေတဲ့ နောက်ထပ်ကွင်းလယ်ကစားသမားတစ်ဦးကတော့ လာဇီယိုမှဆာဗစ်ဖြစ်ပြီး အဆိုပါကစားသမားကိုခေါ်ယူနိုင်ဖို့အတွက် မြင့်မားတဲ့ပြောင်းရွေ့ကြေး ယူရိုသန်း (၁၀၀)ထိပေးကာကမ်း လှမ်းရဖို့ရှိနေပါတယ်။ဒါပေမယ့်လည်း လက်ရှိမှာထွက်ပေါ်လာတဲ့သတင်းတွေအရ ဆာဗစ်ကိုခေါ်ယူလိုတဲ့အသင်းတွေဟာ ပြောင်းရွေ့ကြေး ယူရိုသန်း(၇၀)ပေးပါက ခေါ်ယူနိုင်ဖို့ရှိနေတယ်လို့ ဥရောပမီဒီယာတွေကဖော်ပြခဲ့ပါတယ်။

 

 

 

Related News