လက်ရှိအပြောင်းအရွေ့ကာလအတွင်းမှာ ဘီဘာအိုအသင်းမှ ချယ်ဆီးအသင်းထံကို ဂိုးသမားတစ်ဦးအတွက် စံချိန်တင်ပြောင်းရွေ့ကြေးနဲ့ပြောင်းရွေ့ခဲ့တဲ့ ကီပါရဲ့ပြောင်းရွေ့မှုအပြီးမှာ စပိန်ကစားသမားတွေမှ နေရာအလိုက် တန်ဖိုးအကြီးဆုံးကစားသမားစာရင်း ထွက်ပေါ်လာခဲ့ပါတယ်။ ချယ်ဆီးအသင်းဟာ ဘီဘာအိုဂိုးသမားကီပါကို ပြောင်းရွေ့ကြေးပေါင်(၇၁)သန်းထိပေးချေကာခေါ်ယူခဲ့ပြီး (၇) နှစ်သက်တမ်းရှိတဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

ကီပါရဲ့ပြောင်းရွေ့ကြေးဟာ ဂိုးသမားတစ်ဦးအတွက် စံချိန်တင် ပြောင်းရွေ့ကြေးဖြစ်ခဲ့ပြီး လီဗာပူးအသင်းက ပေါင်(၆၆.၈)သန်းနဲ့ခေါ်ယူခဲ့တဲ့ အယ်လစ်ဆန်ရဲ့ပြောင်းရွေ့ကြေး ကိုကျော်ဖြတ်ကာ ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ဂိုးသမားဖြစ်လာခဲ့ပါတယ်။ကီပါရဲ့စံချိန်တင်အပြောင်းအရွေ့အပြီး မှာ စပိန်ကစားသမားတွေမှ နေရာအလိုက်တန်ဖိုးအကြီးဆုံး ကစားသမားစာရင်းကို ဥရောပမီဒီယာတွေကဖော် ပြခဲ့ကြပြီး တောရက်စ်၊ မိုရာတာ၊ မာတာ၊ ဂျာဗီမာတီနက်စ်တို့ပါဝင်ခဲ့ပါတယ်။ဂိုးသမားနေရာမှာတော့ ယူရိုသန်း (၈၀)ထိတန်ကြေးရှိခဲ့တဲ့ ကီပါကရပ်တည်နေပြီး လက်ရှိအပြောင်းအရွေ့ကာလအတွင်းမှာ ရီးယဲဆိုစီဒက်မှ ရီးယဲမက်ဒရစ်အသင်းထံကို ယူရို(၃၅)သန်းနဲ့ပြောင်းရွေ့ခဲ့တဲ့ ခံစစ်ညာအစွန်ကစားသမား အော်ဒီယိုဇိုလာပါဝင် ခဲ့ပါတယ်။

ဗဟိုခံစစ်ကစားသမားနေရာတွေမှာတော့ (၂၀၁၂)ခုနှစ်မှာ ဘီဘာအိုအသင်းမှ ဘိုင်ယန်မြူးနစ်ကို ယူရိုသန်း(၄၀)နဲ့ ပြောင်းရွေ့ခဲ့တဲ့ ဂျာဗီမာတီနက်၊ လက်ရှိအပြောင်းရွေ့မှာ ရီးယဲဆိုစီဒက်မှ ဘီဘာအိုကို ယူရို (၃၂)သန်းနဲ့ပြောင်းရွေ့ခဲ့တဲ့ အင်နီဂိုမာတီနက်စ်တို့ပါဝင်ခဲ့ပါတယ်။ခံစစ်ဘယ်အစွန်နေရာမှာတော့ လက်ရှိအ ပြောင်းအရွေ့ကာလမှာ ပီအက်စ်ဂျီမှ ဘီဘာအိုကိုပြောင်းရွေ့ခဲ့တဲ့ ယူရီဘာဟီချီက ယူရို(၂၄)သန်းနဲ့ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ကွင်းလယ်ကစားသမား(၃)ဦးနေရာမှာတော့ မာတာ၊ အီလာရာမန်ဒီနဲ့ မန်ဒိုင်တာတို့ပါဝင်ခဲ့ပြီး မာ တာဟာ (၂၀၁၄)ခုနှစ်မှာချယ်ဆီးမှ မန်ယူအသင်းထံကို ပြောင်းရွေ့ကြေးယူရို(၄၅)သန်းနဲ့ ပြောင်းရွေ့ခဲ့သူဖြစ်ပါ တယ်။

အီလာရာမန်ဒီကတော့ (၂၀၁၃)ခုနှစ်မှာ ရီးယဲဆိုစီဒက်မှ ရီးယဲမက်ဒရစ်ထံကို ယူရို(၃၉)သန်းနဲ့ပြောင်း ရွေ့ခဲ့ပြီး (၂၀၀၁)ခုနှစ်မှာ ဗလင်စီယာမှ လာဇီယိုအသင်းထံကို ယူရို(၄၈)သန်းနဲ့ပြောင်းရွေ့ခဲ့တဲ့ မန်ဒိုင်တာတို့ ပါဝင်ခဲ့ပါတယ်။တိုက်စစ်ပိုင်းမှာတော့ တောရက်စ်၊ မိုရာတာ၊ ဒီယေဂိုကော်စတာတို့ပါဝင်ခဲ့ပြီး တောရက်ဟာလီ ဗာပူးမှ ချယ်ဆီးကိုပြောင်းရွေ့ရာမှာ ယူရို(၅၈)သန်း၊ ရီးယဲမက်ဒရစ်မှ ချယ်ဆီးကိုပြောင်းရွေ့ခဲ့တဲ့ မိုရာတာက ယူရို(၆၆)သန်ျး၊ ချယ်ဆီးမှ အက်သလက်တီကိုမက်ဒရစ်ကို ယူရို(၅၅)သန်းနဲ့ ပြောင်းရွေ့ခဲ့တဲ့ ဒီယေဂိုကော်စ တာတို့ဟာ တန်ဖိုးအကြီးဆုံးနေရာအလိုက် စပိန်ကစားသမားစာရင်းမှာပါဝင်ခဲ့တာဖြစ်ပါတယ်။

 

 

 

Related News