ယခုတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲမှာ စိတ်ဝင်စားဖို့အကောင်းဆုံးပွဲစဉ်တစ်ပွဲပါဝင်နေခဲ့ပြီး၊ ချယ် လ်ဆီးနည်းပြသစ်ဆာရီနဲ့ အာဆင်နယ်နည်းပြသစ်အူနိုင်းအမ်မရီတို့ရဲ့တွေ့ဆုံမှုနဲ့ အကြိတ်အနယ်ရှိမယ့်လန်ဒန် ဒါဘီပွဲစဉ်တစ်ပွဲပါဝင်နေခဲ့တယ်လို့သိရပါတယ်။ လန်ဒန်ကလပ်အသင်းတွေဖြစ်ကြတဲ့ ချယ်လ်ဆီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ ယခုနှစ်ရာသီ အစမှာ နည်းပြကိုယ်စီအပြောင်းအလဲပြုလုပ်ထားခဲ့ကြပြီး၊ ချယ်လ်ဆီးအသင်းက နာပိုလီနည်းပြဟောင်းဆာရီနဲ့ အာဆင်နယ်အသင်းကတော့ ပီအက်စ်ဂျီနည်းပြဟောင်းအူနိုင်းအမ်မရီတို့ကိုခန့်အပ်ထားခဲ့ပါတယ်။

ချယ်လ်ဆီး အသင်းကတော့ နည်းပြသစ်ဆာရီရဲ့ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ဟက်ဒါဖီးလ်တောင်းအသင်းကို (၃) ဂိုးပြတ် နဲ့အနိုင်ရရှိခဲ့ပေမယ့်လည်း အာဆင်နယ်အသင်းနည်းပြသစ်အူနိုင်းအမ်မရီကတော့ အဖွင့်ပွဲစဉ်မှာ မန်စီးတီးအ သင်းကို (၂) ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့ပါတယ်။ လက်ရှိမှာတွေ့ဆုံနေတဲ့လန်ဒန်ဒါဘီဟာ ပြီးခဲ့တဲ့ရာသီကတွေ့ဆုံခဲ့တဲ့ အာစင်ဝင်းဂါးနဲ့ ကွန်တီတို့လက်ထက်ကနဲ့များစွာကွာခြားသွားခဲ့ပြီး၊ ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ထက်ပိုမိုတည်ငြိမ်နေခဲ့ပြီး၊ အာဆင်နယ်အသင်းဟာလည်း ခံစစ်ပိုင်းကိုအဓိကပြင်ဆင်မှုတွေပြုလုပ်နေခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဟက်ဒါဖီးလ်တောင်းအသင်းနဲ့ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ်သာပါဝင်ခဲ့တဲ့ တောင်ပံကစားသမားဟာဇက်ကို အသုံးပြုလာဖို့ရှိနေသလို၊ အာဆင်နယ်အသင်းဟာလည်း မန်စီးတီးအသင်းနဲ့ပွဲ စဉ်ကအမှားတွေကို ပြင်ဆင်မှုတွေ ပြုလုပ်လာဖို့ရှိနေခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ နောက်ဆုံးတွေ့ဆုံမှု (၆) ကြိမ်မှာ အာဆင်နယ်အသင်းက (၁) ကြိမ်အနိုင်ရရှိခဲ့ပြီး၊ (၅) ကြိမ်ကတော့ သရေရ လဒ်ထွက်ပေါ်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ပွဲစဉ်ကိုတော့ သြဂုတ်လ (၁၈) ရက်၊ ယနေ့မြန်မာစ တော်ချိန်ည (၁၁) နာရီမှာယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး၊ ကွင်းလယ်ဒိုင်လူကြီးအဖြစ် ၀ါရင့်ကွင်းလယ်ဒိုင်လူကြီးမာ တင်အက်ကင်ဆန်က တာဝန်ယူဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။

 

 

 

Related News