ယခင်က အပြောင်းအရွှေ့ကာလတွေမှာ အလိုရှိတဲ့ ကစားသမားတွေကို ကြေးမရှောင်တမ်းခေါ်ယူလေ့ ရှိတဲ့ ရီးယဲယ်မက်ဒရစ် အသင်းဟာ နောက်ပိုင်းမှာ အပြောင်းအရွှေ့အသုံးစရိတ်ကို သိသိသာသာချွေတာလာပြီး (၂၀၁၄)ခုနှစ်နောက်ပိုင်း အပြောင်းအရွှေ့တွေမှာ အမြတ်ငွေပါရရှိခဲ့တာဖြစ်ပါတယ်။ရီးယဲယ်မက်ဒရစ်အသင်းဟာ ယခင်က ထိပ်တန်းအပြောင်းအရွှေ့တွေဖန်တီးရာမှာ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးတွေနဲ့ အရည်အသွေးမြင့်ကစားသမားတွေကို ခေါ်ယူခဲ့ပေမယ့် (၂၀၁၄)ခုနှစ်က မိုနာကိုမှ ဂျိမ်း ရိုဒရီဂွက်ဇ်ကို ယူရို(၇၆)သန်းနဲ့ခေါ်ယူခဲ့ပြီး နောက်ပိုင်းယူရို(၅၀)နဲ့အထက် အပြောင်းအရွှေ့တွေဖန်တီးတော့ခြင်း မရှိတော့တာဖြစ်ပါတယ်။ နောက်ဆုံး(၅)နှစ်မှာ ရီးယဲယ်မက်ဒရစ်အသင်းက ချန်ပီယံလိဂ်(၄)ကြိမ်အပါအ၀င် အောင်မြင်မှုတွေဆက်တိုက်ရရှိခဲ့ပြီးနောက်ပိုင်း အသင်းက တန်ဘိုးကြေးအပြောင်းအရွှေ့တွေဖန်တီးတော့ခြင်း မရှိပဲ ရှိတဲ့အင်အားနဲ့သာ ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အပြောင်းအရွှေ့ကာလအတွင်းမှာ အဓိကတိုက် စစ်မှူး စီရော်နယ်ဒိုကို ရောင်းချခဲ့ပေမယ့် အရည်အသွေးမြင့် အပြောင်းအရွှေ့တွေပြုလုပ်ဖို့ လက်တွန့်နေဆဲဖြစ် ပြီး အပြောင်းအရွှေ့ကာလပိတ်သိမ်းချိန်ထိ နာမည်ကြီးကစားသမားတွေ မခေါ်ယူမှာကို ပရိသတ်တွေကို စိုးရိမ် နေကြပါတယ်။ ထွက်ပေါ်ထားတဲ့ စာရင်းအရလည်း (၂၀၁၄)ခုနှစ်နောက်ပိုင်း ရီးယဲယ်မက်ဒရစ်အသင်းဟာ အပြောင်းအရွှေ့အသုံးစရိတ်ယူရို(၄၀၃)သန်းသာအသုံးပြုခဲ့ပြီး အဲဒီကာလအတွင်းမှာ ဘာစီလိုနာအသင်းက က စားသမားခေါ်ယူမှုတွေအတွက် ယူရို(၈၀၇.၈၄)သန်းထိအသုံးပြုခဲ့ပါတယ်။

ဒါ့အပြင် (၂၀၁၄)ခုနှစ်အတွင်း ရီးယဲယ်မက်ဒရစ်အသင်းက ကစားသမားရောင်းချမှုတွေမှ ယူရို(၄၂၁.၇)သန်းထိရရှိထားကာ အနှစ်ချုပ်အနေနဲ့ ကြည့်မယ်ဆိုရင် (၂၀၁၄)ခုနှစ်နောက်ပိုင်းအပြောင်းအရွှေ့တွေမှ ယူရို(၁၈.၇)သန်းထိအမြတ်ငွေရရှိထားတာဖြစ် ပါတယ်။ ရီးယဲယ်မက်ဒရစ်အသင်းဟာ (၂၀၁၄-၁၅)ရာသီက ယူရို(၁၂၆)သန်းထိအသုံးပြုခဲ့ပေမယ့် (၂၀၁၅-၁၆) ရာသီမှာ (၇၈)သန်း၊(၂၀၁၆-၁၇)ရာသီမှာ ယူရို(၃၉)သန်းနဲ့ (၂၀၁၇-၁၈)ရာသီမှာ ယူရို(၄၆.၅)သန်းသာအသုံးပြု ခဲ့တာဖြစ်ပါတယ်။ လက်ရှိအပြောင်းအရွှေ့ကာလအတွင်းမှာလည်း တန်ဘိုးကြီးအပြောင်းအရွှေ့တွေပြုလုပ်ခြင်း မရှိသေးပဲ အပြောင်းအရွှေ့ကာလပိတ်ဖို့(၁၀)ရက်ကျော်ကျန်ရှိနေချိန်မှာ ပရိသတ်တွေအလိုရှိနေတဲ့ ကြယ်ပွင့် တစ်ဦးခေါ်ယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

 

 

Related News