ပေါ်တူဂီလက်ရွေးစင်အသင်းဟာ UEFA Nations League ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိနေပေမယ့် လည်း ကလပ်အသင်းမှာဂိုးသွင်းယူနိုင်ဖို့ရုန်းကန်နေရတဲ့ အသင်းခေါင်းဆောင်စီရော်နယ်ဒိုကိုရွေးချယ်ခြင်းမရှိပဲ၊ အနားပေးခဲ့တယ်လို့သိရပါတယ်။ စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလမှာ ယူရို (၁၁၂) သန်းနဲ့ ရီးရဲယ်လ်မက်ဒရစ်အသင်းက နေ ဂျူဗင်တပ်စ်အသင်းကိုပြောင်းရွှေ့ခဲ့ပြီး၊ အသင်းသစ်ဂျူဗင်တပ်စ်အသင်းမှာသွင်းဂိုးရရရှိဖို့ရုန်းကန်နေရပါ တယ်။ စီရော်နယ်ဒိုဟာ ရီးရဲယ်လ်မက်ဒရစ်အသင်းရဲ့ဂိုးသွင်းစက်ဖြစ်ခဲ့ပေမယ့်လည်း ဂျူဗင်တပ်စ်အသင်းမှာ သွင်းဂိုးရရှိဖို့ရုန်းကန်နေရမှုအပေါ်၊ ပေါ်တူဂီအသင်းနည်းပြဖာနန်ဒိုဆန်းတို့စ်အနေနဲ့ အနားပေးခဲ့ပါတယ်။ ပေါ်တူ ဂီအသင်းဟာ (၂၀၁၈) UEFA Nations League ပြိုင်ပွဲရဲ့အုပ်စု (A) မှာ အီတလီ၊ ပိုလန်အသင်းတို့နဲ့တစ်အုပ်စု တည်းကျရောက်နေခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းရဲ့အသင်းခေါင်းဆောင်ဖြစ်သလို၊ အသင်းရဲ့ အားထားရတဲ့တိုက်စစ်မှူးတစ်ဦးဖြစ်ပေမယ့် ကလပ်အသင်းမှာအလျင်အမြန်အံဝင်နိုင်ဖို့အတွက် အနားပေးခဲ့ပါ တယ်။

လက်ရှိမှာတော့ စီရော်နယ်ဒိုအနေနဲ့ နိုင်ငံရပ်ခြားအပန်းဖြေခရီးစဉ်တစ်ခုကို မိသားစုနဲ့အတူရောက်ရှိနေ ခဲ့ပြီး၊ အားလပ်ရက်ကုန်ဆုံးပြီးအသင်းနဲ့ပြန်လည်ပူးပေါင်းပါက ပြောင်းရွှေ့ကြေးအပြင်၊ ရရှိနေတဲ့လစာပမာဏနဲ့ ထိုက်တန်ကြောင်းသက်သေပြရတော့မှာဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ မန်ယူအသင်းမှာ (၆) ရာသီကြာ၊ ရီးရဲယ် လ်မက်ဒရစ်အသင်းမှာ (၉) ရာသီကြာပါဝင်ကစားခဲ့ပြီး၊ ပွဲစဉ်ပေါင်း (၇၃၀) မှာ သွင်းဂိုးပေါင်း (၅၆၈) ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ စီရော်နယ်ဒိုရဲ့အသင်းမှာအံဝင်ခြင်းမရှိသေးမှုအပေါ် ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီအနေနဲ့ ကစားသမားကောင်းတစ်ဦးဟာ ဘယ်လိုအသင်းမျိုးကိုပြောင်းရွှေ့ပါစေ၊ ခြေစွမ်းကောင်းဆို တာပျောက်ပျက်မသွားတက်ပါဘူး၊ စီရော်နယ်ဒိုအနေနဲ့ စီးရီးအေမှာအခြေကျဖို့ဆိုတာခဲယဉ်းတဲ့ကိစ္စရပ်တစ်ခု မဟုတ်ပဲ၊ လာမယ့်ပွဲစဉ်တွေမှာ စီရော်နယ်ဒိုရဲ့သွင်းဂိုးတွေကို ဝေေ၀ဆာဆာတွေ့မြင်ရတော့မှာပါလို့မှတ်ချက် ပြုပြောကြားခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းနဲ့အတူ စီးရီးအေပွဲစဉ် (၃) ပွဲယှဉ်ပြိုင်ကစားထားခဲ့ ပြီး၊ ဂိုးပေါက်ကန်သွင်းမှု (၂၃) ကြိမ်အထိရှိခဲ့ပေမယ့်လည်း ဂိုးဖန်တီးမှု (၁) ကြိမ်သာပြုလုပ်ပေးထားနိုင်ခဲ့ပါ တယ်။

 

 

Related News