ရီးယဲယ်မက်ဒရစ်အသင်းရဲ့ဘယ်နောက်ခံလူမာဆယ်လိုဟာအသင်းရဲ့အောင်မြင်မှုတွေမှာ အရေးပါဆုံး ကစားသမားအဖြစ် ရှိနေပြီး နောက်ခံလူတစ်ဦးဖြစ်ပေမယ့် အသင်းအပေါ်လွှမ်းမိုးမှုကြီးမားသလို မရှိမဖြစ်ကစားသမားတစ်ဦးအဖြစ်ရှိနေပါတယ်။ မာဆယ်လိုဟာ (၂၀၀၇)ခုနှစ်က အသက်(၁၉)နှစ်အရွယ်နဲ့ ရီးယဲယ်မက်ဒရစ်အသင်းကိုရောက်ရှိလာ ခဲ့သူဖြစ်ပြီး စိတ်ခံစားမှုဦးစားပေးတဲ့ လူငယ်ကစားသမားတစ်ဦးအဖြစ်ကနေ လက်ရှိမှာ အသင်းကို ဦးဆောင်နေ တဲ့ ကစားသမားတစ်ဦးအဖြစ်ရောက်ရှိနေပြီဖြစ်ပါတယ်။ စတင်ရောက်ရှိချိန်မှာ ဘရာဇီးလ်နာမည်ကျော်နောက် ခံလူရော်ဘက်တိုကားလို့ရှိနေတဲ့အတွက်ပုံမှန်နေရာရဖို့ခက်ခဲခဲ့ပေမယ့် နောက်ရာသီ ရော်ဘက်တိုကားလို့ထွက် ခွာသွားချိန်မှာ သူ့နေရာကို တိုက်ရိုက်အစားဝင်နိုင်ခဲ့ကာ အသင်းအတွက် ခြေစွမ်းပြခွင့်ရရှိခဲ့ပါတယ်။

အဲဒီရာသီ ကစတင်ပြီး ပုံမှန်ပွဲထွက်ခွင့်နဲ့အတူ အသင်းရဲ့အောင်မြင်မှုတွေမှာ အဓိကနေရာမှ ပါဝင်ခဲ့သလို လက်ရှိကာလ အောင်မြင်မှုတွေ ဆက်တိုက်ရရှိချိန်မှာ အသင်းရဲ့ရလဒ်အပြောင်းအလဲကပါ သူ့အပေါ်မူတည်လာခဲ့တယ်လို့ ပရိသတ်တွေက ချီးကျူးခဲ့ကြ ပါတယ်။ သူဟာ တိုက်စစ်မှူးဟောင်း စီရော်နယ်ဒိုနဲ့ အလွန်အတွဲညီခဲ့သူဖြစ်ပြီး စီရော် နယ်ဒိုအတွက် ဂိုးဖန်တီးမှုများစွာ ပြုလုပ်ခဲ့ပါတယ်။ ဒါ့ကြောင့် ဒီရာသီ စီရော်နယ်ဒို ဂျူဗင်တပ်စ်အသင်းပြောင်းရွှေ့ ချိန်မှာ မာဆယ်လိုပါ ဂျူဗင်တပ်စ်ကို လိုက်ပါပြောင်းရွှေ့သွားနိုင်တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ မာ ဆယ်လိုကတော့နောက်ရာသီ ဂျူဗင်တပ်စ် အသင်းကို ပြောင်းရွှေ့မယ်ဆိုတဲ့သတင်းတွေကို ငြင်းဆန်ခဲ့ပြီး ကစားဘ၀နားချိန်ထိ ရီးယဲယ်မက်ဒရစ်အသင်းမှာ ဆက်ရှိမယ်လို့ပြောကြားခဲ့ပါတယ်။ သူဟာ ရီးယဲယ်မက်ဒရစ်အသင်း မှာ ကစားနေစဉ်အတွင်း လာလီဂါဖလားနဲ့ ချန်ပီယံလိဂ်ဖလား(၄)ကြိမ်စီရရှိတာအပါအ၀င် အောင်မြင်မှုများစွာ ရရှိထားပါတယ်။ မာဆယ်လိုဟာ ရာမို့စ်ရဲ့နောက် အသင်းရဲ့ဒုတိယအသင်းခေါင်းဆောင်အဖြစ်ရှိနေသလို တစ် သင်းလုံးကို မောင်းနှင်ကစားနိုင်သူလို့ အသင်းဖော်တွေကချီးကျူးထားကြပါတယ်။

 

 

Related News