မလေးရှားနိုင်ငံ၊ ပီနန်ပြည်နယ် ဂျော့ခ်ျတောင်းမြို့မှာ (၂၀၁၈)ခုနှစ် အာရှပစိဖိတ်မာစတာဂိမ်းပြိုင်ပွဲတွေကို စတင်ကျင်းပနေပြီဖြစ် ပါတယ်။ အာရှပစိဖိတ်မာစာတာဂိမ်းပြိုင်ပွဲကို အရှေ့တောင်အာရှနိုင်ငံမှာပထမဆုံးအကြိမ်ကျင်းပခဲ့တာဖြစ်ပြီး အရင်ကနယူးဇီ လန်နဲ့ သြစတျေးလျနိုင်ငံတို့မှာကျင်းပခဲ့တာပါ။ အခုကျင်းပမယ့်ပွဲကို စက်တင်ဘာလ(၇)ရက်ကနေ (၁၅)ရက်အထိ(၉)ရက်ကြာ ကျင်းပသွားမှာဖြစ်ပြီး ပြိုင်ပွဲဝင်တွေအနေနဲ့ အသက်(၂၅)နှစ်နဲ့ အထက်ရှိရမှာဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာနိုင်ငံပေါင်း(၆၄)နိုင်ငံကပါ ၀င်ယှဉ်ပြိုင်သူပေါင်း(၅၅၀၀)ကျော်ရှိမှာဖြစ်ပြီး အားကစားနည်း(၂၂)မျိုးနဲ့ယှဉ်ပြိုင်မှာဖြစ်သလို မြားပစ်၊ ကြက်တောင်ရိုက်၊ စက် ဘီးစီး၊ ဘောလုံး၊ ဂေါက်ရိုက်၊ ဟောကီ၊ ဘေ့စ်ဘော၊ စကွပ်စ်၊ ရေကူး၊ တင်းနစ်နဲ့ အလေးမ အားကစားနည်းတွေလည်းပါဝင်မှာ ဖြစ်ပါတယ်။ မာရသွန်အပြေးပြိုင်ပွဲနဲ့ စက်ဘီးစီးအားကစားနည်းတွေကတော့ ပြိုင်ပွဲရဲ့အဓိကအားကစားနည်းတွေဖြစ်တယ်လို့သိ ရပါတယ်။ ဒီပြိုင်ပွဲမှာ မလေးရှားကျောင်းတွေကတီးဝိုင်းတွေ၊ ကျောင်းသားတွေ၊ ရိုးရာအကအဖွဲ့တွေနဲ့ မလေးရှားအမျိုးသားယဉ် ကျေးမှုနှင့် အနုပညာဦးစီးဌာနကနေရွေးချယ်ထားတဲ့ပြိုင်ပွဲဝင်(၂၀၀)လည်းပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ညပိုင်းမှာရောင်စုံ မီးရှူးမီးပန်းတွေကိုဖောက်ပြီး ပြိုင်ပွဲတွေကိုအဆုံးသတ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

 

 

Related News