ချယ်ဆီးအသင်းရဲ့ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမား ကန်တီဟာ ထိပ်တန်းအဆင့်ကို ရောက်ရှိလာပြီးနောက်ပိုင်း နှစ်တိုင်းဆုဖလားတွေရနေပြီး သူ့ရဲ့ကြိုးစားမှု၊ လုပ်အားနှုန်းကောင်းမွန်မှုတွေနဲ့ သက်ဆိုင်ရာအသင်းတွေမှာ အဓိက ကစားသမားတစ်ဦးအဖြစ် ရှိနေပါတယ်။ ကန်တေဟာ အသက်(၂၀)အရွယ်မှ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ကို စတင်နိုင်ခဲ့သူဖြစ်ပေမယ့် ပရော်ဖက်ရှင်နယ်လမ်းကြောင်းပေါ်ကို ရောက်ရှိချိန်ကစတင်ပြီး သူ့ရဲ့မခိုမကပ်ကြိုးစားမှု၊ ရိုးသားမှုနဲ့ တာဝန်သိ စိတ်တွေကြောင့် ရောက်ရှိရာအသင်းတွေမှာ အဓိကကစားသမားတစ်ဦးအဖြစ်ရှိနေပါတယ်။

သူဟာ စီနီယာကစားသမားဘ၀ကို စတင်ခဲ့တဲ့ပြင်သစ်အငယ်တန်းကလပ် ဘူလော့နီအသင်းမှာကတည်းက သူ့ရဲ့အရည်အ သွေးတွေကြောင့် ပုံမှန်နေရာကို ဆုတ်ကိုင်နိုင်ခဲ့သလို ကိန်းအသင်းကို ရောက်ရှိချိန်မှာလည်း အသင်းရဲ့အဓိက ကစားသမားတစ်ဦးအဖြစ်ရှိနေခဲ့ပါတယ်။ ဒါ့အပြင် သူ့ဘ၀ရဲ့အဓိက အလှည့်အပြောင်းဖြစ်ခဲ့တဲ့ လက်စတာစီး တီးအသင်းကိုပြောင်းရွှေ့ချိန်မှာလည်း အားလုံးရဲ့အာရုံစိုက်မှုကိုရရှိလောက်အောင်ထိ စွမ်းဆောင်ရည်ကောင်း တွေပြသခဲ့သလိုလက်စတာစီးတီးအသင်းပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရာမှာလည်း သူ့ရဲ့စွမ်းဆောင်ရည်က အဓိ ကအခန်းကဏ္ဍ မှာရှိခဲ့ပါတယ်။

လက်စတာအသင်းမှာပြသခဲ့တဲ့ ခြေစွမ်းကြောင့် ချယ်ဆီးအသင်းက ကန်တီကို ခေါ်ယူခဲ့ပြီး ချယ်ဆီးအသင်းမှာလည်း သူ့ရဲ့အကောင်းဆုံးခြေစွမ်းတွေနဲ့ အချိန်တိုအတွင်းမှာပဲ ပရိသတ်အချစ် တော်ကစားသမားတစ်ဦးအဖြစ်ရောက်ရှိခဲ့ပါတယ်။ ကန်တီဟာ ကစားတဲ့အသင်းတိုင်းကို အကျိုးပြုနေသူဖြစ်ပြီး ကိန်းအသင်းမှာ ကစားစဉ်က ကိန်းအသင်းကိုလိဂ်ဂူးဝမ်း တန်းတက်ခွင့်ရအောင်စွမ်းဆောင်ခဲ့သလို လက်စတာ စီးတီးအသင်းကိုလည်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်စေခဲ့ပါတယ်။ ဒါ့အပြင် ချယ်ဆီးအသင်းနဲ့ဖြတ်သန်းထားတဲ့ (၂)ရာသီမှာလည်း ပရီးမီးယားလိဂ်ဖလားနဲ့ FA ဖလားတို့ကိုရရှိထားသူဖြစ်ပါတယ်။

ကန်တီရဲ့စွမ်းဆောင်ရည် ကြောင့် နောက်ပိုင်း ပြင်သစ်လက်ရွေးစင်အသင်းမှာလည်း နေရာရလာခဲ့ပြီး စတင်ရွေးချယ်ခံခဲ့ရတဲ့ (၂၀၁၆) ခုနှစ်မှာ ပြင်သစ်အသင်းနဲ့အတူ ယူရိုပြိုင်ပွဲ ဗိုလ်လုပွဲထိတက်ရောက်နိုင်ခဲ့သလို(၂၀၁၈)ကမ္ဘာ့ဖလားမှာ ပြင်သစ် အသင်းဗိုလ်စွဲချိန်မှာလည်း အဓိက ကစားသမားတစ်ဦးအဖြစ်ရှိနေခဲ့ပါတယ်။

 

 

 

Related News