ပြီးခဲ့တဲ့နှစ်များအတွင်း ဥရောပအောင်မြင်မှုတွေဆက်တိုက်ရရှိခဲ့သည့် ရီးယဲယ်မက်ဒရစ်အသင်းဟာ ယခုလိုအောင်မြင်တဲ့ မျိုးဆက်ကိုဖန်တီးဖို့အတွက်(၂၀၁၀)၀န်းကျင်ကတည်းက စနစ်တကျ မှန်မှန်ကန်ကန်လုပ် ဆောင်ခဲ့ပြီး ယခုလိုအောင်မြင်မှုတွေကိုရယူခဲ့တာဖြစ်ပါတယ်။  ရီးယဲယ်မက်ဒရစ်အသင်းဟာ ဥက္ကဋ္ဌပီရက်စ်ရဲ့ ဒုတိယသက်တမ်းအစဖြစ်တဲ့ (၂၀၀၉)ခုနှစ်ကတည်းက စီရော်နယ်ဒို၊ ကာကာ၊ ဘန်ဇီးမား တို့ကို ခေါ်ယူခဲ့ပြီး ရာသီတိုင်းလိုလိုထိပ်တန်းကစားသမားတွေ ဖြည့်တင်းခဲ့ပါ တယ်။ ဒုတိယသက်တမ်းတာဝန်ထမ်းဆောင်ချိန်မှာ ကမ္ဘာ့စံချိန်တင်အပြောင်းအရွှေ့တွေပြုလုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာ သင့်တင့်တဲ့ပြောင်းရွှေ့ကြေးသာအသုံးပြုပြီး အသင်းနဲ့ အံဝင်နိုင်မယ့်ကစားသမားတွေနဲ့အရည် အသွေးမြင့်ကြယ်ပွင့်တွေကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။

(၂၀၁၂)ခုနှစ်ကစတင်ပြီး ရီးယဲယ်မက်ဒရစ်အသင်းဟာ ငွေကြေးကို ခြွေတာသုံးစွဲခဲ့သလို ခေါ်ယူခဲ့တဲ့ကစားသမားတွေကလည်း အသင်းအတွက်အကောင်းဆုံးခြေစွမ်း ပြနေကြတာဖြစ်ပါတယ်။ လက်ရှိအသင်းရဲ့ဒေါက်တိုင်ကစားသမားအများစုဟာ (၂၀၁၂)ခုနှစ်နောက်ပိုင်း သင့် တင့်တဲ့ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူခဲ့တဲ့ကစားသမားတွေဖြစ်ပါတယ်။အဲဒီထဲမှာ ကွင်းလယ်ကစားသမားမိုဒရစ်ဟာ (၂၀၁၂)ခုနှစ်က စပါးအသင်းကနေ ပေါင်သန်း(၃၀)နဲ့ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး လက်ရှိအသင်းကို ဦးဆောင်နေသူ ဖြစ်ပါတယ်။ဒါ့အပြင်အသင်းကြယ်ပွင့်အဖြစ်သတ်မှတ်ခံထားရတဲ့ အဆန်စီယိုဟာ (၂၀၁၄)ခုနှစ်က မာယော့ကာ အသင်းကနေ ပေါင်(၄)သန်းနဲ့ပြောင်းရွှေ့ခဲ့သူဖြစ်သလို တိုနီကရူးစ်ကလည်း (၂၀၁၄)ခုနှစ်က ဘိုင်ယန်မြူးနစ် ကနေ ပေါင်(၂၅)သန်းနဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အစ္စကို ကိုခေါ်ယူရာမှာလည်း (၂၀၁၃)ခုနှစ်က ပေါင်(၂၈)သန်းထဲနဲ့ခေါ်ယူနိုင်ခဲ့သလိုကက်စမဲရိုးကို ပေါ်တိုအသင်းကနေ ပြန်လည်ခေါ်ယူရာမှာလည်း ပေါင်(၅) သန်းသာအသုံးပြုခဲ့ရတာဖြစ်ပါတယ်။ ဒါ့ကြောင့် ရီးယဲယ်မက်ဒရစ်အသင်းဟာ အဲဒီကစားသမားတွေအားလုံးကို ခေါ်ယူဖို့အတွက် ပေါင်(၉၂)သန်းသာအသုံးပြုခဲ့ရပေမယ့် ဘာစီလိုနာအသင်းက အနာဂတ်ကို ရင်းနှီးမြုတ်နှံမှုအ နေနဲ့ (၂၀၁၇)ခုနှစ်က ဒေါ့မွန်မှ ဒမ်ဘီလီကိုခေါ်ယူရာမှာ ပေါင်(၁၃၅.၅)သန်းထိအသုံးပြုခဲ့ရပါတယ်။ ဘာစီလိုနာ အသင်းကလည်း နောက်ပိုင်းမှာ အင်အားတောင့်တင်းဖို့အတွက် ကြယ်ပွင့်တွေကိုခေါ်ယူနေပေမယ့် ဒမ်ဘီလီကို ခေါ်ယူစဉ်က ပြောင်းရွှေ့ကြေးများစွာပေးချေခဲ့ရတာအပါအ၀င် မြင့်မားတဲ့ပြောင်းရွှေ့ကြေးတွေအသုံးပြုထားရပါ တယ်။

 

 

 

 

Related News