မန်စီးတီးအသင်းတိုက်စစ်မှူးအဂူရိုဟာ အသင်းနဲ့အတူ (၂၀၂၁) ခုနှစ်အထိအသင်းမှာ ဆက်လက်ရှိနေစေမယ့် စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ (၂၀၁၁) ခုနှစ်၊ ဇူလိုင်လအတွင်းက အက်သလက်တီကိုမက်ဒရစ်အသင်းကနေ မန်စီးတီးအသင်းကို ပြောင်းရွှေ့လာခဲ့တဲ့အဂူရိုဟာ အသင်းမှာ (၇) ရာသီအထိပါဝင်ကစားထားခဲ့ပြီး၊ အားထားရတဲ့တိုက်စစ်မှူးအဖြစ် ရှိနေခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ အားထားရတဲ့ တိုက်စစ်မှူး အဂူရိုကို (၂၀၂၁) ခုနှစ်အထိအသင်းမှာဆက် လက်ရှိနေစေမယ့်စာချုပ်သစ်တစ်ရပ်ကိုချုပ်ဆိုခဲ့ပြီး၊ စာချုပ်သစ်အရအဂူရိုဟာ တစ်ပတ်လုပ်ခပေါင် (၂) သိန်း (၂) သောင်းရရှိမှာဖြစ်တယ်လို့ အင်္ဂလန်အခြေစိုက် Daily Mail အားကစားသတင်းစာကဖော်ပြခဲ့ပါတယ်။

အဂူ ရိုဟာ မန်စီးတီးအသင်းမှာကစားခဲ့တဲ့ (၇) ရာသီအတွင်းမှာ ပရီးမီးယားလိဂ်ဖလား (၃) ကြိမ်၊ လိဂ်ဖလား (၃) ကြိမ်နဲ့ ကွန်မြူနတီဒိုင်း (၂) ကြိမ်တို့ကိုရယူထားနိုင်ခဲ့ပြီး၊ အသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားနဲ့ ပရီးမီးယား လိဂ်ပြိုင်ပွဲရဲ့ပြည်ပကစားသမားတွေထဲမှာ အွန်နရီရဲ့ နောက်သွင်းဂိုးအများဆုံးကစားသမားဆိုတဲ့စံချိန်တွေအပါ အ၀င် စံချိန်မှတ်တမ်းကောင်းအများစုကိုရေးထိုးထားနိုင်ခဲ့ပါတယ်။

မန်စီးတီး အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့မှုနဲ့ ပတ်သတ်ပြီး၊ အဂူရိုအနေနဲ့ မန်စီးတီးအသင်းမှာ ဆယ်စုနှစ်တစ်ခုကြာအောင် ကစားလိုတဲ့ဆန္ဒတွေ ပြည့်ဝတော့ မှာဖြစ်တာကြောင့်ပျော်ရွှင်မိကြောင်းနဲ့ အမှတ်တရဖြစ်စေမယ့်အခိုက်အတန့်တစ်ခုကတော့ (၂၀၁၁-၁၂) ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ်ဆုဖလားအတွက်အဆုံးအဖြတ်ပွဲစဉ်မှာ မိမိရဲ့သွင်းဂိုးကြောင့် မန်စီးတီးအသင်းအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိခဲ့တဲ့ပွဲစဉ်ဖြစ်ပါတယ်။ အဂူရိုဟာ လက်ရှိပရီးမီးယားလိဂ်မှာသွင်းဂိုးပေါင်း (၁၄၆) ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီး၊ (၂၀၂၁)ခုနှစ်အထိ အသင်းမှာ ဆက်လက်ရှိနေတော့မှာဖြစ်တာကြောင့် ပရီးမီးယားလိဂ်ရဲ့ဂိုးသွင်းအများဆုံးကစားသမားဖြစ်တဲ့ မန်ယူတိုက်စစ်မှူးဟောင်း ရွန်းနီရဲ့သွင်းဂိုး (၁၈၃) ဂိုးစံ ချိန်ကိုလည်းချိုးဖြတ်နိုင်ဖို့အတွက် ပစ်မှတ်ထားနေခဲ့တယ်လို့ သိရပါတယ်။

 


 

 

Related News