ဗြိတိန်လက်ဝှေ့အကျော်အမော်ဂျိုရှုအာအနေနဲ့ ချန်ပီယံခါးပတ် (၄) ခုအတွက်စိန်ခေါ်ခဲ့တဲ့ ရုရှားနိုင်ငံ သားပိုဗက်ကင်ကိုအလဲထိုးနဲ့အနိုင်ရရှိကာ၊ ကစားသမားဘ၀ရဲ့နောက်ထပ်ခြေလှမ်းတစ်ခုကိုထပ်မံပုံဖော်နိုင်ခဲ့ တယ်လို့သိရပါတယ်။ ဂျိုရှုအာဟာ IBF, WBA, WBO နဲ့ IBO ချန်ပီယံခါးပတ် (၄) ခုကိုပိုင်ဆိုင်ထားခဲ့ပြီး၊ WBC ချန်ပီယံခါး ပတ်လုပွဲမတိုင်မီ ပွဲစဉ်တစ်ပွဲအဖြစ်ရုရှားနိုင်ငံသားပိုဗက်ကင်နဲ့ထိုးသတ်ခဲ့ရပါတယ်။ အဆိုပါပွဲစဉ်ကိုတော့ စက် တင်ဘာလ (၂၂) ရက်နေ့၊ ဗြိတိန်ဒေသစံတော်ချိန်ည (၁၀) နာရီဝန်းကျင်မှာယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး၊ (၇) ချီ မြောက်အရောက်မှာ ဂျိုရှုအာအနေနဲ့ ပြိုင်ဘက်ကိုအလဲထိုးနိုင်ခဲ့ပါတယ်။

အသက် (၂၈) နှစ်အရွယ်သာရှိသေး တဲ့ဂျိုရှုအာအတွက် အသက် (၃၉) နှစ်အရွယ်ဝါရင့်လက်ဝှေ့သမားပိုဗက်ကင်နဲ့ယှဉ်ပြိုင်ထိုးသတ်တဲ့ပွဲစဉ်မှာ သက်လုံပိုင်းကိုအဓိကအားထားခဲ့ပြီး၊ ပြိုင်ဘက်ရဲ့အမှားကိုစောင့်ကာ အခွင့်အရေးကိုအပြည့်အ၀အသုံးချနိုင်ခဲ့ပါ တယ်။ (၂၁) ရာစုရဲ့လက်ဝှေ့လောကမှာ အကောင်းဆုံးကစားသမားအဖြစ်ရပ်တည်ထားနိုင်ခဲ့တဲ့ ဂျိုရှုအာအ တွက် နောက်ထပ်ခြေလှမ်းတစ်ခုကိုလည်းဆက်လက်လျှောက်လှမ်းဖို့လည်းအားဖြစ်စေခဲ့ပြီး၊ လက်ဝယ်ပိုင်ဆိုင် ထားခြင်းမရှိသေးတဲ့ WBC ချန်ပီယံခါးပတ်ကိုလည်း (၂၀၁၉) ခုနှစ်အတွင်းမှာအရယူသွားဖို့အတွက် ဂျိုရှုအာအ နေနဲ့ပြင်ဆင်သွားဖို့လည်းရှိနေခဲ့ပါတယ်။

သူဟာပိုဗက်ကင်နဲ့ပွဲစဉ်မတိုင်မီမှာ ယခုပွဲစဉ်ကိုအနိုင်ရရှိခဲ့ပါက (၂၀၁၉) ခုနှစ်အတွင်းမှာ ၀င်ဘလေကွင်းအတွင်းမှာပွဲစဉ်တစ်ပွဲကိုကြိုတင်စီစဉ်ထားမှာဖြစ်ပြီး၊ သူ့ကိုထိုးသတ်လို တဲ့ပြိုင်ဘက်တစ်ဦးနဲ့ယှဉ်ပြိုင်ထိုးသတ်လိုတယ်လို့ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ WBC ချန်ပီယံခါးပတ်ကို အ မေရိကန်နိုင်ငံသားဒီယွန်တေ၀ိုင်ဒါကပိုင်ဆိုင်ထားခဲ့ပြီး၊ ဂျိုရှုအာဟာ ဒီယွန်တေ၀ိုင်ဒါနဲ့ယှဉ်ပြိုင်ထိုးသတ်လိုပေ မယ့်လည်း ကစားသမားဘ၀အကောင်းဆုံးအချိန်ကိုရောက်ရှိနေတဲ့ ဂျိုရှုအာနဲ့ထိုးသတ်မလားဆိုတဲ့အမေးတွေ ကို ဒီယွန်တေ၀ိုင်ဒါအနေနဲ့ပြန်လည်တုံ့ပြန်ထားခြင်းမရှိသေးတာဖြစ်ပါတယ်။ ဂျိုရှုအာဟာ ရုရှားနိုင်ငံသားပိုဗက်ကင်ကိုအနိုင်ရရှိခဲ့ပြီးနောက်မှာ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ မှာ ရှုံးပွဲမရှိစံချိန်ကိုဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီး၊ (၂၂) ပွဲဆက်တိုက်အနိုင်ရရှိထားခဲ့ပါတယ်။

 

 

 

Related News