ပြင်သစ်မဂ္ဂဇင်းအနေနဲ့ နှစ်တစ်နှစ်ရဲ့တစ်နှစ်တာအတွက်အကောင်းဆုံးကစားသမားဆုကိုပေးအပ်ချီး မြင့်ရာမှာ လက်ရှိမှာတော့အကောင်းဆုံးအမျိုးသမီးကစားသမားဆုကိုပါပေးအပ်ချီးမြင့်တော့မယ်လို့သိရပါ တယ်။(၁၉၅၆) ခုနှစ်ကစတင်ပေးအပ်ချီးမြင့်ခဲ့တဲ့ တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆု (Ballon d’Or) ကိုပေးအပ်ချီးမြင့်ခဲ့တာဟာ နှစ်ပေါင်း (၆၁) နှစ်အထိရှိလာခဲ့ပြီဖြစ်ပါတယ်။ အဆိုပါနှစ်ပေါင်း (၆၁) နှစ်အတွင်း ပေးအပ်ချီးမြင့်ခဲ့တဲ့ဆုတွေဟာ တစ်နှစ်တာအမျိုးသားအကောင်းဆုံးကစားသမားဆုကိုသာပေးအပ်ချီးမြင့်ခဲ့ပြီး၊ လက်ရှိကစတင်ကာ တစ်နှစ်တာအကောင်းဆုံးအမျိုးသမီးကစားသမားဆုကိုပါပေးအပ်ချီးမြင့်ဖို့စီစဉ်ခဲ့တာဖြစ်ပါ တယ်။

အမျိုးသမီးတစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင် (၁၅) ဦးကိုရွေးချယ်သွားမှာ ဖြစ်ပြီး၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ကပေးအပ်ချီးမြင့်တဲ့ The Best Award ဆုပေးပွဲအခမ်းအနားနဲ့ ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA) ကပေးအပ်ချီးမြင့်တဲ့ တစ်နှစ်တာအကောင်းဆုံးဆုပေးပွဲအခမ်းအနားတွေမှာတော့ အမျိုးသမီးအကောင်းဆုံးကစားသမားဆုတွေကိုပါပေးအပ်ချီးမြင့်ခဲ့ပါတယ်။ တစ်နှစ်တာအမျိုးသားအကောင်း ဆုံးကစားသမားဆုအတွက်ကိုတော့ ကစားသမားအယောက် (၃၀) အထိဆန်ကာတင်ကစားသမားအဖြစ်ရွေး ချယ်သွားမှာဖြစ်ပါတယ်။

ပြင်သစ်မဂ္ဂဇင်းအနေနဲ့ (၂၀၁၀) ခုနှစ်ကနေ (၂၀၁၅) ခုနှစ်အထိ ကမ္ဘာ့ဘောလုံးအဖွဲ့ ချုပ် (ဖီဖာ) နဲ့မိတ်ဖက်ပြုလုပ်ကာ FIFA Ballon d’Or အမည်ဖြင့်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ပေးအပ်ချီးမြင့်ခဲ့ပေမယ့်လည်း (၂၀၁၆) ခုနှစ်မှာတော့ နှစ်ဦးသဘောတူလမ်းခွဲခဲ့ကြပါတယ်။ (၂၀၁၆) ခုနှစ်မှာ တော့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဟာ The Best Award အမည်ဖြင့်တစ်နှစ်တာအကောင်းဆုံးဆုတွေကို ပေးအပ်ချီးမြင့်ခဲ့ပြီး၊ ပြင်သစ်မဂ္ဂဇင်းအနေနဲ့ကတော့ Ballon d’Or အမည်ဖြင့်တစ်နှစ်တာအကောင်းဆုံးဆုတွေ ကိုဆက်လက်ပေးအပ်ချီးမြင့်ခဲ့ပါတယ်။ ယခုနှစ်မှာ ပြင်သစ်မဂ္ဂဇင်းကပေးအပ်ချီးမြင့်မယ့် တစ်နှစ်တာအကောင်း ဆုံးကစားသမားဆုပေးပွဲအခမ်းအနားကို လာမယ့်ဒီဇင်ဘာလ (၈) ရက်နေ့မှာ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာကျင်းပ ပြုလုပ်သွားမှာဖြစ်ပါတယ်။

 

 

Related News