မြောက်အိုင်ယာလန်နိုင်ငံသားတစ်ဦးဖြစ်တဲ့ UFC ကစားသမားမက်ဂရီဂေါ်ဟာ ရုရှားနိုင်ငံသားတစ်ဦး ဖြစ်တဲ့ခါဘစ်နဲ့ယှဉ်ပြိုင်ထိုးသတ်အပြီးမှာ UFC ပြိုင်ပွဲကိုခဏတာကျောခိုင်းသွားမယ်လို့သိရပါတယ်။ UFC ပြိုင်ပွဲရဲ့စိတ်ဝင်စားမှုအကောင်းဆုံးပြိုင်ပွဲတစ်ခုဖြစ်တဲ့ Lightweight ပြိုင်ပွဲရဲ့လက်ရှိချန်ပီယံခါဘစ် နဲ့ မြောက်အိုင်ယာလန်နိုင်ငံရဲ့ UFC အကျော်အမော်တစ်ဦးဖြစ်တဲ့မက်ဂရီဂေါ်တို့ဟာ အောက်တိုဘာလ (၆) ရက်နေ့မှာ အမေရိကန်နိုင်ငံ၊ လက်စ်ဗီးဂတ်မြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာခါဘစ်ဟာ (၄) ချီ မြောက်အရောက်မှာ မက်ဂရီဂေါ်ကိုချုပ်ကွက်နဲ့အတူအနိုင်ရရှိခဲ့ပြီး၊ ပြိုင်ပွဲပြီးဆုံးချိန်မှာတော့ Personal ကိစ္စရပ် တွေကြောင့် နှစ်ဖက်ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေခိုက်ရန်ဖြစ်ပွားမှုတွေကြောင့် ပြိုင်ပွဲဟာရုပ်ဆိုးအ ကျည်းတန်မှုတွေနဲ့ပြီးဆုံးခဲ့ရပါတယ်။ ပြိုင်ပွဲအပြီးမှာတော့ UFC ပြိုင်ပွဲရဲ့ဆေးအဖွဲ့ဝင်တွေအနေနဲ့ အဆိုပါကစား သမား (၂) ဦးကိုဆေးစစ်မှုတွေပြုလုပ်ခဲ့ရမှာ မက်ဂရီဂေါ်အနေနဲ့ကျန်းမာရေးပြဿနာတွေတွေ့ရှိခဲ့ပြီး၊ (၁) လ ခန့်အနားယူဖို့အတွက်ထုတ်ပြန်ခဲ့ပါတယ်။

မက်ဂရီဂေါ်အနေနဲ့ ကျန်းမာရေးပြဿနာတွေကြောင့် UFC ပြိုင်ပွဲနဲ့ (၁) လတာကင်းကွာတော့မှာဖြစ်ပြီး၊ အခြားသောကိစ္စရပ်တွေကြောင့်လည်း ထိခိုက်မှုတွေမရှိဖို့လိုအပ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ မက်ဂရီဂေါ်အနေနဲ့ ခါဘစ်ကိုရှုံးနိမ့်ခဲ့ပြီးနောက်မှာ မကျေပွဲအနေနဲ့ထပ်မံထိုးသတ်ဖို့ဆန္ဒရှိနေ ပြီး၊ ကြံ့ခိုင်မှုတွေပြန်လည်ရရှိလာချိန်မှာ ပြန်လည်စိန်ခေါ်ထိုးသတ်သွားမှာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာ မက်ဂရီဂေါ်ကို လာမယ့်နိုဝင်ဘာလ (၆) ရက်နေ့အထိ UFC ပြိုင်ပွဲကိုယှဉ်ပြိုင်ထိုးသတ်ခွင့်ပိတ်ပင်ထားခဲ့ပြီး၊ ခါ ဘစ်ကိုတော့ ကျန်းမာရေးကောင်းမွန်နေခဲ့တာကြောင့် ယခုလအတွင်းမှာယှဉ်ပြိုင်ထိုးသတ်ခွင့်ပြုခဲ့ပါတယ်။ UFC ပြိုင်ပွဲရဲ့ Lightweight ခါးပတ်ကိုပိုင်ဆိုင်ထားခဲ့တဲ့ခါဘစ်ဟာ ပြိုင်ပွဲအပြီးမှာခိုက်ရန်ဖြစ်ပွားမှုတွေရှိ ခဲ့တာကြောင့် ခါးပတ်ကိုပေးအပ်ထားခြင်းမရှိဘူးလို့သိရပါတယ်။

 

 

 

Related News