လက်ဒဏ်ရာကြောင့် (၃) ပတ်ကြာအနားယူခဲ့ရပြီး၊ ကွင်းအတွင်းကိုပြန်ရောက်လာခဲ့တဲ့မက်ဆီအနေနဲ့ ယခုတစ်ပတ်မှာတော့ စပိန်လာလီဂါပြိုင်ပွဲအဖြစ်ရီးရဲယ်ဘက်တစ်အသင်းနဲ့ယှဉ်ပြိုင်ခဲ့ရာမှာ အိမ်ကွင်းမှာပထမ ဦးဆုံးရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။ မက်ဆီဟာ ဒဏ်ရာပြဿနာကနေပြန်လည်ကောင်းမွန်လာခဲ့ပြီး၊ ရီးရဲယ်လ်ဘက်တစ်အသင်းနဲ့ပွဲစဉ် ကိုပြန်လည်ပါဝင်လာခဲ့ ပေမယ့်လည်း ခြေစွမ်းပိုင်းအပြောင်းအလဲတွေကြောင့် အိမ်ကွင်းမှာရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။ မက်ဆီပါဝင်နိုင်ခြင်းမရှိခဲ့တဲ့ ပွဲစဉ်တွေမှာ အသင်းရဲ့တိုက်စစ်ပိုင်းကို ဆွာရက်ဇ်ကအကောင်းဆုံးဦးဆောင် နိုင်ခဲ့ပြီး၊ သွင်းဂိုးတွေရှာဖွေနိုင်ခဲ့ပေမယ့်လည်း ရီးရဲယ်လ်ဘက်တစ်အသင်းနဲ့ပွဲစဉ်မှာတော့ သွင်းဂိုးတွေရရှိဖို့ရုန်း ကန်ခဲ့ရပါတယ်။

ဘာစီလိုနာအသင်းဟာ ရီးရဲယ်လ်ဘက်တစ် အသင်းနဲ့ ပွဲစဉ်မှာ နောက်ကလိုက်ကစားခဲ့ရပြီး၊ (၃) ဂိုး (၄) ဂိုးနဲ့ရှုံးနိမ့်ခဲ့ကာ ယခုနှစ်ရာသီစပိန်လာလီဂါပြိုင်ပွဲမှာ ပထမဦးဆုံး အိမ်ကွင်းရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဘာစီလိုနာအသင်းဟာ ယခုနှစ်ရာသီစပိန်လာလီဂါပြိုင်ပွဲမှာ အဝေးကွင်းရှုံးပွဲတစ်ပွဲသာ ကြုံတွေ့ထားခဲ့ပြီး၊ အ မှတ်ပေးဇယားကိုဦးဆောင်ထားခဲ့တဲ့အသင်းဖြစ်ပေမယ့် ခြေစွမ်းကောင်းတွေပြန်လည်ရရှိလာခဲ့တဲ့ ရီးရဲယ် လ်မက်ဒရစ်အသင်းအပေါ် ရမှတ်များစွာဖြတ်ထားနိုင်မှုကလည်း တဖြည်းဖြည်းကျဉ်းမြောင်းလာခဲ့ရပါတယ်။ ဘာစီလိုနာအသင်း ဟာ ပြီးခဲ့တဲ့ကြားရက်မှာယှဉ်ပြိုင်ကစားခဲ့တဲ့ အင်တာမီလန်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း သရေရလဒ်သာထွက်ပေါ် အောင် ကစားနိုင်ခဲ့ပြီး၊ (၂) ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဒဏ်ရာပြဿနာကနေပြန်လည်သက်သာ လာခဲ့တဲ့ မက်ဆီဟာ ရီးရဲယ်လ်ဘက်တစ်အသင်းနဲ့ပွဲစဉ်မှာ သွင်းဂိုး (၂) ဂိုးသွင်းယူနိုင်ခဲ့တာကတော့ ဘာစီလိုနာတိုက်စစ်ပိုင်း အတွက် သက်သ ရာ ရစေခဲ့ပြီး၊ မက်ဆီအနေနဲ့က လည်း စပိန်လာလီဂါရဲ့ ဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာ အသင်းဖော် ဆွာရက်ဇ်နဲ့အတူ ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။
 

 

 

 

Related News