စပိန်လာလီဂါကလပ်ဘာစီလိုနာအသင်းဟာ (၂၀၁၈) ခုနှစ်ရဲ့ လစာအများဆုံးပေးချေနေရတဲ့ကလပ်အ သင်းအဖြစ် အသင်းကြီးတွေဖြစ်ကြတဲ့ရီးရဲယ်လ်မက်ဒရစ်၊ မန်ယူအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့အထက်မှာရပ် တည်နေတယ်လို့ သိရပါတယ်။အင်္ဂလန်အခြေစိုက် Daily Mail အားကစားသတင်းစာရဲ့ ကောက်နုတ်ဖော်ပြချက်အရ ဘာစီလိုနာအ သင်းဟာ (၂၀၁၈) ခုနှစ်အတွက် လစာအများဆုံးပေးချေနေရတဲ့ကလပ်အသင်းအဖြစ်ရပ်တည်နေခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ (၂၀၁၈) ခုနှစ်အတွင်း ကစားသမားတွေအတွက် ယူရို (၄၈၇) သန်းအထိပေးချေနေရ ပြီး၊ ပြီးခဲ့တဲ့ (၂၀၁၇) ခုနှစ်ကထက် များစွာ မြင့်တက် လာခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ (၂၀၁၇) ခု နှစ်မှာ ကစားသမားတွေအတွက်ပေးချေ ခဲ့ရတဲ့လစာ ပမာဏဟာ ပေါင် (၁၂၈) သန်းသာပေးချေခဲ့ရပြီး၊ ယခုနှစ် မှာတော့ လစာပေးချေရမှုဟာအဆမတန်မြင့်တက်လာခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ အသင်းရဲ့တိုက်စစ်မှူး မက်ဆီကို တစ်နှစ်လုပ်ခပေါင် (၁.၇၅) သန်းအထိပေးချေနေရပြီး၊ မက်ဆီဟာ ဘာစီလိုနာအသင်းရဲ့ လစာအ များဆုံးကစားသမားအဖြစ်ရပ်တည်နေခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ နောက်မှာတော့ ရီးရဲယ်လ်မက်ဒ ရစ်အသင်းက ယူရို (၃၉၅) သန်း၊ မန်ယူအသင်းက ယူရို (၃၃၇) သန်း၊ ပီအက်စ်ဂျီအသင်းက (၂၇၂) သန်း၊ ဘိုင်ယန်မြူးနစ်အသင်းက (၂၆၅) သန်းနဲ့ အစဉ်လိုက်ရပ်တည်နေကြပါတယ်။

ဒါ့အပြင်ဂျူဗင်တပ်စ်၊ ချယ်လ်ဆီး၊ လီဗာပူးလ်၊ အာဆင်နယ်၊ ဒေါ့မွန်၊ အက်သလက်တီကိုမက်ဒရစ်၊ အင်တာမီလန်၊ စပါးစ်အသင်းနဲ့ လက်ခ်ျစတာ စီးတီးအသင်းတို့ဟာလည်း လစာအများဆုံးပေးချေနေရတဲ့ကလပ်အသင်းတွေစာရင်းမှာ ပါဝင်နေခဲ့ပါတယ်။ ဘောလုံးလောကဟာ တစ်ဖြည်းဖြည်းနဲ့ အောင်မြင်မှုတွေမြင့်တက်လာခဲ့ပြီး၊ ကလပ်အသင်းတွေအနေနဲ့ကလည်း အောင်မြင်မှုတွေရရှိဖို့အတွက် နာမည်ကြီးကစားသမား တွေကို ပြောင်းရွှေ့ကြေးမြင့်မားစွာပေးချေလာရသလို၊ မြင့်မားတဲ့လစာတွေလည်း ပေးချေနေရတယ်လို့သိရပါတယ်။

 

 

 

Related News