ယခုနှစ်ရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် (၅) နေရာမှာရပ်တည်နေတဲ့အာဆင်နယ်အသင်းဟာ ပထမပိုင်းမှာထွက်ပေါ်ခဲ့တဲ့ ရလဒ်တွေအရ တန်းဆင်းဇုန်အတွင်းမှာရပ်တည်ရမယ့်အနေအထားတွေရှိနေတယ်လို့ သိရပါတယ်။အာဆင်နယ်အသင်းဟာ နည်းပြသစ်အူနိုင်းအမ်မရီလက်ထက်မှာ ရလဒ်ပိုင်းပြန်လည်ကောင်းမွန်မှုတွေ နဲ့အတူ အမှတ်ပေး ဇယားရဲ့ အဆင့် (၅) နေရာမှာရပ်တည်နေပြီး၊ ဒုတိယပိုင်းကစားအားကောင်းမွန်တဲ့အသင်းအ ဖြစ်ရပ်တည်ထားခဲ့ပါတယ်။

အင်္ဂလန်အခြေစိုက် Daily Mail အားကစားသတင်းစာရဲ့ ကောက်နုတ်ဖော်ပြချက်အရ ပထမပိုင်းမှာထွက်ပေါ်ခဲ့တဲ့ ရလဒ်တွေနဲ့ အမှတ်ပေးဇယားကိုသတ်မှတ်မယ်ဆိုပါက အမှတ်ပေးဇယားရဲ့ အဆင့် (၁၈)နေရာအထိရောက်ရှိနေမှာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် (၁၃) ပွဲယှဉ်ပြိုင်ပြီး ချိန်မှာ ပထမပိုင်းပွဲကစားချိန် (၄၅) မိနစ်အတွင်းနိုင်ပွဲတစ်ပွဲမှ ရရှိခဲ့ခြင်းမရှိခဲ့ပဲ၊ (၁၀) ပွဲသရေနဲ့ (၃) ပွဲရှုံးနိမ့်ခဲ့ပြီး၊ ရမှတ် (၁၀) မှတ်သာစုဆောင်းထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင်ရဂိုးအနေနဲ့ ကလည်း (၇) ဂိုးသာသွင်းယူထားနိုင်ခဲ့ပြီး၊ ပေးဂိုးကလည်း (၁၀) ဂိုးအထိခွင့်ပြုပေးထားခဲ့ရတာကြောင့် ဂိုးကွာခြားချက်မှာ (-3) အထိရောက်ရှိနေခဲ့ပါ တယ်။

ဒါပေမယ့်လည်းဒုတိယပိုင်း (၄၅) မိနစ်မှာထွက်ပေါ်ခဲ့တဲ့ရလဒ်တွေနဲ့ အမှတ်ပေးဇယားကို သတ်မှတ်မယ်ဆိုပါက အာဆင်နယ်အသင်းဟာ အဆင့် (၂) နေရာအထိရောက်ရှိနေမှာဖြစ်ပြီး၊ ပရီးမီးယားလိဂ်ပွဲစဉ်(၁၃)ပွဲမှာ (၁၀) ပွဲအထိအနိုင်ရရှိကာ၊ (၁) ပွဲသရေနဲ့ (၂) ပွဲရှုံးနဲ့ ရမှတ် (၃၁) မှတ်အထိစုဆောင်းနိုင်မှာ ဖြစ်ပါတယ်။

သွင်းဂိုးရရှိမှုအပိုင်းမှာ လည်း သွင်းဂိုး (၂၁) ဂိုးနဲ့ အခြားသောအသင်း (၁၉) သင်းထက် ဒုတိယပိုင်းသွင်းဂိုးအ များဆုံးဖြစ်နေပြီး၊ ပေးဂိုးကလည်း (၆) ဂိုးသာခွင့်ပြုပေးထားခဲ့ရပါတယ်။ပထမပိုင်းရလဒ်အရရော၊ ဒုတိယပိုင်းရလဒ်အရပါ အမှတ်ပေးဇယားကိုဦးဆောင်နိုင်မယ့်အသင်းကိုရွေးချယ်ပါက ရမှတ်(၃၃) မှတ်အထိ စုဆောင်းထားနိုင်ခဲ့တဲ့ မန်စီးတီးအသင်းက ထိပ်ဆုံးနေရာမှာရပ်တည်နေမှာ ဖြစ်ပါတယ်။

 

 

 

 

 

Related News