ယခုတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ် (၁၄) မှာ ပရိသတ်အကြိုက်ဖြစ်စေမယ့် လန်ဒန်ဒါဘီနဲ့ မာဆေးဆိုက်ဒ် ဒါဘီပွဲစဉ်တွေ ပါဝင်ခဲ့ကြပြီး၊ လန်ဒန်ဒါဘီမှာ အာဆင်နယ်အသင်းနဲ့ မာဆေးဆိုက်ဒ်ဒါဘီမှာ လီဗာပူးလ်အသင်းတို့ကအနိုင်ရရှိခဲ့ကြတယ်လို့ သိရပါတယ်။ လန်ဒန်ဒါဘီပွဲစဉ်ရော မာဆေးဆိုက်ဒ်ဒါဘီပွဲစဉ်ပါ ယခုတစ်ပတ်မှာပရိသတ်တွေအတွက်အကြိုက်တွေ့ စေခဲ့ပြီး၊ အာဆင်နယ် အသင်းနဲ့ စပါးစ်အသင်းပွဲစဉ်မှာ (၄) ဂိုး (၂) ဂိုး၊ လီဗာပူးလ်အသင်းနဲ့ အဲဗာတန်အသင်းတို့ ပွဲစဉ်မှာ လီဗာပူးလ်အသင်းက (၁) ဂိုး ဂိုးမရှိနဲ့အနိုင်ရရှိခဲ့ပါတယ်။ အာဆင်နယ်အသင်းနဲ့ စပါးစ်အသင်းတို့ပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ အူဘားမီးယန်း ရဲ့ ပင်နယ်တီသွင်းဂိုးတစ်ဂိုးနဲ့ဦးဆောင်ထားနိုင်ခဲ့ပေမယ့်လည်း အဲရစ်ဒိုင်ယာ၊ ဟယ်ရီကိန်းတို့ရဲ့သွင်းဂိုးတွေနဲ့ စပါးစ်အသင်း က ပြိုင်ပွဲကိုပြန်လည်ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်း မှာတော့ အာဆင်နယ်အသင်းဟာ လူစားလဲမှု (၂) ကြိမ်အထိပြု လုပ်ခဲ့ပြီး၊ ဒုတိယပိုင်းပွဲကစားချိန်တွေကို အ ကောင်းဆုံးပုံစံတွေနဲ့ပြန်လာနိုင်ခဲ့ပါတယ်။ အာဆင်နယ် အသင်းအတွက် သွင်းဂိုးတွေကိုတော့ အူဘားမီးယန်း၊ လာကာဇက်နဲ့ တော်ရဲရားလ်တို့ကသွင်းယူပေးခဲ့ကြပြီး၊ လန်ဒန်ဒါဘီမှာအနိုင်ရရှိခဲ့တဲ့ အာဆင်နယ်အသင်းကတော့ အဆင့် (၄) နေရာကိုတက်ရောက်လာနိုင်ခဲ့ပါတယ်။ အခြားသောမာဆေးဆိုက်ဒ်ဒါဘီပွဲစဉ်မှာတော့ လူစုံ ပါဝင်လာခဲ့တဲ့လီဗာပူးလ်အသင်းဟာ အဲဗာတန်အသင်းကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ရပြီး၊ အဲဗာတန်အသင်းရဲ့ အပိုင်အခွင့်အရေးတွေကိုအသုံးမချနိုင်ခဲ့တာကြောင့် သက်သာရာရခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ပွဲကစားချိန် (၉၆) မိနစ်အရောက်မှာသွင်းယူခဲ့တဲ့ လူစားဝင်ကစားသမားအော်ရီဂီရဲ့ တစ်လုံးတည်း သောသွင်းဂိုးနဲ့အနိုင်ရရှိခဲ့ ပါတယ်။လီဗာပူးလ်အသင်းဟာ မာဆေးဆိုက်ဒ်ဒါဘီမှာအနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယားရဲ့ အဆင့် (၂) နေရာမှာဆက်လက် ရပ်တည်နိုင်ခဲ့ပြီး၊ မန်စီးတီးအသင်းကို အနီးစပ်ဆုံးလိုက်လံဖိအားပေးနိုင်နေတယ်လို့သိရပါတယ်။

 

 

 

 

 

 

 

Related News