ဒီဇင်ဘာလအတွင်းကိုရောက်ရှိလာပြီဖြစ်တာကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ခပ်စိတ်စိတ်ယှဉ်ပြိုင်နေကြပြီး၊ လက်ရှိ ကြားရက်မှာလည်း ရည်ရွယ်ချက်ကိုယ်စီနဲ့ယှဉ်ပြိုင်ကြဦးမယ့် မန်ယူ အာဆင်နယ်တွေ့ဆုံပွဲက ပရိသတ်တွေအတွက် အကြိတ်အနယ်ရှိလာဦးမှာဖြစ်တယ်လို့သိရပါတယ်။ ဒီဇင်ဘာပွဲကျပ်ကာလတွေကြောင့် အခြားသောလိဂ်ပြိုင်ပွဲတွေထက် စိတ်ဝင်စားမှုနှုန်းမြင့်တက်နေခဲ့တဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲဟာ လက်ရှိမှာတော့ဒီဇင်ဘာပွဲကျပ်ကာလကိုရောက်ရှိလာပြီဖြစ်ပါတယ်။ ဒီဇင်ဘာပွဲကျပ် ကာလရဲ့ ပထမဦးဆုံး အပတ်မှာတော့ ပရိသတ်တွေအတွက်စိတ်ဝင်စားမှုအများဆုံးပွဲစဉ်တစ်ပွဲရှိနေခဲ့ပြီး၊ မန်ယူအသင်းနဲ့ အာဆင်နယ်အသင်းတို့ တွေ့ဆုံနေကြပါတယ်။

မန်ယူအသင်းဟာ နည်းပြမော်ရင်ညိုရဲ့ တတိယ မြောက်ရာသီမှာရလဒ်ပိုင်းဆိုးရွားနေခဲ့ပြီး၊ ရမှတ် (၂၂) မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် (၈) နေရာမှာရပ် တည်နေတာဖြစ်ပါတယ်။ ဒါ့အပြင်နောက်ဆုံး (၃) ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေခဲ့ပြီး၊ (၂) ပွဲသရေနဲ့ (၁) ပွဲ ရှုံးနိမ့်ထားခဲ့မှုကြောင့် မော်ရင်ညိုရဲ့မန်ယူအသင်းအတွက် လာမယ့်ပွဲစဉ်တွေ ဟာ အမှားအယွင်းခံလို့မရတော့ တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာလည်း နည်းပြသစ်အူနိုင်းအမ်မရီလက်ထက်မှာ ရလဒ်ပိုင်းကောင်းမွန် နေပေမယ့်လည်း အမှတ်ပေးဇယားရဲ့ အဆင့် (၄) နေရာအတွင်းမှာဆက်လက်ရပ်တည်နိုင်ဖို့အတွက် မန်ယူအ သင်းနဲ့ပွဲစဉ်ဟာ အရေးပါနေခဲ့ပါတယ်။

မန်ယူအသင်းနဲ့ အာဆင်နယ်အသင်းတို့တွေ့ဆုံခဲ့တဲ့နောက်ဆုံး (၅) ကြိမ် မှာ မန်ယူအသင်းက (၃) ပွဲနိုင်၊ အာဆင်နယ်အသင်းက (၁) ပွဲနိုင်ပြီး၊ (၁) ပွဲကတော့ သရေရလဒ်ထွက်ပေါ်ထား ခဲ့ပါတယ်။ မန်ယူအသင်းအနေနဲ့ လက်ရှိမှာရလဒ်ပိုင်းဆိုးရွားမှုတွေရှိနေခဲ့ပေမယ့်လည်း အာဆင်နယ်အသင်းဟာ (၂၀၀၆) ခုနှစ်နောက် ပိုင်း မန်ယူအသင်းရဲ့ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ နိုင်ပွဲရယူနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။မန်ယူအသင်းနဲ့ အာဆင်နယ်အသင်းတို့တွေ့ဆုံမယ့်ပွဲစဉ်ကိုတော့ ဒီဇင်ဘာလ (၆) ရက်နေ့၊ မြန်မာစံ တော်ချိန်မနက် (၂) နာရီခွဲအချိန်မှာ မန်ယူအသင်းရဲ့ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာယှဉ်ပြိုင်သွားမှာဖြစ်ပြီး၊ ကွင်းလယ်ဒိုင်လူကြီးအဖြစ်မာရီနာက တာဝန်ယူ ကိုင်တွယ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

 

 

 

 

 

 

 

Related News