မန်ယူအသင်းဟာ နည်းပြမော်ရင်ညိုကိုရာထူးကနေထုတ်ပယ်ခဲ့ပြီးနောက်မှာတော့ အသင်းရဲ့ တရား ၀င်ဝက်ဘ်ဆိုဒ်မှာ ကစားသမား ဟောင်းဆိုးလ်ရှားကို ယာယီနည်းပြအဖြစ်ခန့်အပ်သွားမယ်လို့ဖော်ပြခဲ့ပါတယ်။ နိုင်ငံတကာအားကစားအယ်ဒီတာက ဆက်လက် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီဇင်ဘာလ (၁၈) ရက်နေ့မှာ မန်ယူအသင်းနည်းပြ မော်ရင်ညိုကို အသင်းရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ် တဲ့အက်ဒ်ဝုဒ်ဝက်က လေ့ကျင့် ရေးကွင်းဖြစ်တဲ့ကာရင်တန်မှာ နည်းပြရာထူးကနေထုတ်ပယ်ခဲ့ပြီးနောက်မှာတော့ ယာယီနည်းပြရာထူးကို လက်ထောက် နည်းပြဖြစ်တဲ့ မိုက်ကယ်ကာရစ်ကို ခန့်အပ်သွားမယ်လို့အစောပိုင်းကသ တင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့်လည်းလက်ရှိမှာတော့ အသင်းရဲ့ ကစားသမားဟောင်းဆိုးလ်ရှားက နည်းပြသစ်မခန့်အပ်မီအထိ ယာယီနည်းပြအဖြစ်ခန့်အပ်သွားမယ်လို့ မန်ယူအသင်းရဲ့  ၀က်ဘ်ဆိုဒ်မှာ ဖော်ပြခဲ့ပြီး၊ နော်ဝေးလ်လူမျိုးနည်းပြဖြစ်တဲ့ဆိုးလ်ရှားဟာ နော်ဝေးလ်ကလပ်အသင်းဖြစ်တဲ့ Molde အသင်းမှာ (၂၀၂၁) ခုနှစ်အထိစာချုပ် ချုပ်ဆိုထားခဲ့ပေမယ့် မန်ယူအသင်းယာယီနည်းပြရာထူးကို ဘယ်လိုစာချုပ်မျိုးနဲ့တာဝန်ယူသွားမလဲဆိုတာကတော့ ဖော်ပြခဲ့ခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။ လစ်လပ်သွားခဲ့တဲ့မန်ယူအသင်းနည်းပြရာထူးအတွက် လျာထားစာရင်းလည်းထွက်ပေါ်လာခဲ့ပြီး၊ ဇီဒန်း၊ ပိုချက်တီနို၊ ကွန်တီနဲ့ အာစင်ဝင်းဂါးတို့ပါဝင်လာခဲ့ပါတယ်။

မန်ယူအသင်းဟာ ၀ါရင့်နည်းပြကြီးဖာဂူဆန်ရဲ့  (၂၀၁၂-၁၃) ဘောလုံးရာသီပြီးဆုံးခဲ့ပြီးနောက်မှာ (၅) ရာသီအတွင်း မှာ နည်းပြအပြောင်းအလဲအနေနဲ့ ရိုင်ယန်ဂစ်၊ ဒေးဗစ်မိုယက်စ်၊ လူးဝစ်ဗန်ဟားလ်၊ မော်ရင်ညိုတို့ကိုအပြောင်းအလဲ ပြုလုပ်ထားခဲ့ပြီး၊ လက်ရှိမှာတော့ယာယီနည်းပြဆိုးလ်ရှားနဲ့ အမြဲတမ်းနည်းပြတစ်ဦးကိုလည်းခန့်အပ်ရတော့မှာဖြစ်ပါတယ်။ မန်ယူအသင်း ဟာ လက်ရှိပရီးမီးယားလိဂ်မှာ အဆင့်(၆)နေရာနဲ့ ချန်ပီယံလိဂ်(၁၆)သင်းအဆင့်မှာ ပီအက်စ်ဂျီအသင်းနဲ့ တွေ့ဆုံမှုတွေက မန်ယူအသင်း နည်းပြသစ်ဖြစ်လာမယ့်သူအတွက် ပထမ ဦးဆုံးဖြေရှင်းရမယ့်ပုစ္ဆာတွေအဖြစ်ရှိနေခဲ့ပါတယ်။ မန်ယူအသင်းဟာ အနီးစပ်ဆုံးပြိုင်ပွဲအဖြစ် ပရီးမီးယားလိဂ်ပွဲ စဉ် (၁၈) မှာ ကာဒစ်စီးတီးအသင်းကိုအဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး၊ ပရိသတ်တွေအလိုရှိခဲ့တဲ့ တိုက်စစ် အသားပေးကစားဟန်တွေကို နည်းပြသစ်လက်ထက်မှာမြင်တွေ့ရတော့မလားဆိုတာက စိတ်ဝင်စားဖို့ကောင်းနေခဲ့ပါတယ်။

 

 

Related News