ဂျူဗင်တပ်စ်အသင်းဟာ အဓိကတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ စီရော်နယ်ဒိုကို ပွဲပန်းမှုဒဏ်တွေကြောင့် ပွဲစဉ်(၁၈)မှာ အနားပေးသွားမယ်လို့ သိရပါတယ်။  စီရော်နယ်ဒိုဟာ ယခုနှစ်အပြောင်းအရွှေ့ကာလရဲ့ ရီးရဲယ်လ်မက်ဒရစ်အသင်းကနေ ဂျူဗင်တပ်စ်အသင်းကို မြင့်မားတဲ့ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ ပြောင်းရွှေ့ခဲ့ပြီး၊ အသင်းနဲ့စီးရီးအေပွဲစဉ် (၁၇) ပွဲစလုံးကိုပါဝင်က စားထားခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ စီးရီးအေပွဲစဉ် (၁၇) ပွဲယှဉ်ပြိုင်ကစားပြီးချိန်မှာ မိနစ်ပေါင်း (၁၅၃၀) အထိကစားထားခဲ့ရပြီး၊ စီရော်နယ်ဒိုဟာ အဆိုပါမိနစ်ပေါင်း (၁၅၃၀)မှာ (၁၀) မိနစ်သာအနား ရခဲ့ပြီး၊ မိနစ်ပေါင်း (၁၅၂၀) အထိကစားထားခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ရီးရဲယ်လ်မက်ဒရစ်အသင်းအတွက် စီးရီးအေပွဲစဉ်ပေါင်း (၁၇)ပွဲ ကစားထားခဲ့ရာမှာ သွင်းဂိုး (၁၁) ဂိုးသွင်းယူထားနိုင်ခဲ့ပြီး၊ စီးရီးအေရဲ့ ဒုတိယသွင်းဂိုးအများဆုံးက စားသမားအဖြစ်ရပ်တည်နေခဲ့ပါတယ်။ သူဟာစီးရီးအေပွဲစဉ်အစမှာ သွင်းဂိုးရရှိဖို့ရုန်းကန်ခဲ့ရပေမယ့်လည်း နောက်ပိုင်းပွဲစဉ်တွေမှာတော့ သွင်းဂိုးတွေဆက်တိုက်သွင်းယူလာနိုင် ခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ စီးရီး အေပွဲစဉ် (၁၈) မှာ အတ္တလန္တာအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး၊ ပွဲစဉ် (၁၉)မှာတော့ ဆမ့်ဒိုးရီးယား အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းကထုတ်ပြန်ထားမှုမှာတော့ စီရော်နယ်ဒိုကိုအချိန်ဘယ်လောက်အနားပေးသွား မလဲဆိုတာကိုတော့ ထုတ်ပြန်ထားခြင်းမရှိပဲ၊ ပွဲစဉ် (၁၈) မှာအနားပေးသွားမယ်လို့သာထုတ်ပြန်ထားခဲ့ ပါတယ်။ စီးရီးအေပွဲစဉ်တွေကိုပွဲစဉ် (၁၉) အပြီးမှာ ရက်ပေါင်း (၁၈) ရက်ကြာအနားပေးသွားမှာဖြစ်ပြီး၊ ဂျူဗင်တပ်စ်အသင်းဟာ ပွဲစဉ်(၁၇)အပြီးမှာ (၁၆)ပွဲနိုင် (၁)ပွဲသရေနဲ့ ရှုံးပွဲမရှိသေးတာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ပွဲစဉ်(၁၈)အဖြစ် အတ္တလန္တာအသင်းကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး၊ အဆိုပါပွဲစဉ်ကိုတော့ ဒီဇင်ဘာလ(၂၆)ရက်၊ ယနေ့ည(၈)နာရီခွဲအချိန်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

 

 

Related News