ဗြိတိန်နိုင်ငံရဲ့ ကမ္ဘာ့ အဆင့် (၁) ကစားသမားဟောင်းအန်ဒီမာရေးဟာ လက်ရှိ (၂၀၁၉) ခုနှစ်အတွင်း မှာ ကစားသမားဘ၀ကနေအနားယူတော့မယ်လို့အတည်ပြုခဲ့ပါတယ်။အသက် (၃၁) နှစ်အရွယ် ဗြိတိန်နိုင်ငံသားအန်ဒီမာရေးဟာ (၂၀၁၆) ခုနှစ်၊ နိုဝင်ဘာလအတွင်းက က မ္ဘာ့ အဆင့် (၁) နေရာမှာရပ်တည်ခဲ့ဖူးပေမယ့်လည်း ဒဏ်ရာပြဿနာတွေဟာအကင်းမသေသေးမှုတွေကြောင့် ကစားသမားဘ၀ကနေအနားယူရမယ့်အရေးနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ လက်ရှိမှာအန်ဒီမာရေးဟာ တင်ပါးဆုံဒဏ် ရာကိုပြင်းထန်စွာခံစားနေရပြီး၊ သူ့ရဲ့ ကစားသမားဘ၀ဟာ ဒဏ်ရာတွေနဲ့ရုန်းကန်နေရမှုတွေကိုအလွန်အမင်း စိတ်ပျက်ကြောင်းဝန်ခံပြောကြားခဲ့ပါတယ်။ သူဟာဇူလိုင်လအတွင်းမှာယှဉ်ပြိုင်ကစားမယ့် ၀င်ဘယ်ဒန်ချန်ပီယံ ရှစ်ပြိုင်ပွဲအပြီးမှာ  ကစားသမားဘ၀ကနေအနားယူသွားတော့မယ်လို့ မျက်ရည်များနဲ့ပြည့်နှပ်နေခဲ့တဲ့ သူ့ရဲ့ ဖြေကြားမှုတွေကို အားကစားဝက်ဘ်ဆိုဒ်တွေမှာတွေ့ မြင်ခဲ့ရပါတယ်။

အန်ဒီမာရေးဟာ ကစားသမားဘ၀တစ် လျှောက် ၀င်ဘယ်ဒန်ချန်ပီယံရှစ်ပြိုင်ပွဲနဲ့ ယူအက်စ်အိုးပင်းပြိုင်ပွဲတွေမှာ ချန်ပီယံဆုတွေကိုရယူထားနိုင်ခဲ့ပြီး၊ ကစားသမားဘ၀အောင်မြင်မှု (၂) ကြိမ်ရယူထားနိုင်ခဲ့တဲ့ ၀င်ဘယ်ဒန်ချန်ပီယံရှစ်ပြိုင်ပွဲကိုတော့ ယခုနှစ်မှာ လည်းအောင်မြင်မှုရယူကာ ကစားသမားဘ၀ကနေအနားယူသွားဖို့ပြင်ဆင်ထားခဲ့ပါတယ်။ အန်ဒီမာရေးဟာ ဗြိတိန်နိုင်ငံရဲ့ အားကစားလောကကိုမြင့်တက်ခဲ့သူတစ်ဦးဖြစ်ပြီး၊ အန်ဒီမာရေးလို့နာမည်ကြီးကစားသမားတစ် ယောက်ကိုလက်လွှတ်ရတော့မှာဖြစ်တာကြောင့်လည်း တင်းနစ်လောကအတွက် စိတ်မကောင်းစရာဖြစ်ခဲ့ရပါ တယ်။ ဒါ့အပြင်အန်ဒီမာရေးဟာ ကစားသမားဘ၀မှာအောင်မြင်မှုမရခဲ့တဲ့ သြစတြေးလျအိုးပင်းပြိုင်ပွဲနဲ့ ပြင် သစ်အိုးပင်းပြိုင်ပွဲတွေမှာလည်း အောင်မြင်မှုတွေဆွတ်ခူးနိုင်ဦးမလားဆိုတာစိတ်ဝင်စားစရာပါ။

 

 

Related News