မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် (၂၄) အဖြစ်ယှဉ်ပြိုင်ကစားခဲ့တဲ့ နယူးကာဆယ်အသင်းနဲ့ပွဲ စဉ်မှာ (၂) ဂိုး (၁) ဂိုးနဲ့ရှုံးနိမ့်ခဲ့မှုကြောင့် အမှတ်ပေးဇယားကိုဦးဆောင်နေတဲ့လီဗာပူးလ်အသင်းနဲ့ ရမှတ်ပိုမိုပြတ် သားသွားနိုင်တယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ် (၂၄) တွေကို ယနေ့မနက်အစောပိုင်းမှာယှဉ်ပြိုင်ခဲ့ကြရာမှာတော့ နယူးကာဆယ် အသင်းနဲ့ မန်စီးတီးအသင်း တို့ ပွဲစဉ်မှာ မန်စီးတီးအသင်းဟာ မထင်မှတ်ပဲအဝေးကွင်းမှာရှုံးပွဲကြုံတွေ့ ခဲ့ပါတယ်။ မန်စီးတီးအသင်းအနေနဲ့ ရှုံးပွဲကြုံတွေ့ ခဲ့မှုကြောင့် ထိပ်ဆုံးနေရာကလီဗာပူးလ်အသင်းနဲ့ ရမှတ် (၄) မှတ်ကနေ (၇) မှတ်အထိကွာဟသွားနိုင်တာဖြစ်ပါတယ်။ မန်စီးတီး အသင်းနဲ့ လီဗာပူးလ်အသင်းတို့ဟာ လက်ရှိမှာရမှတ် (၄) မှတ်ကွာဟနေခဲ့ပြီး၊ မနက်ဖြန်မနက်အစောပိုင်းမှာယှဉ်ပြိုင်ကစားမယ့် လီဗာပူးလ်အသင်းနဲ့ လက်ခ်ျစတာ စီးတီးအသင်းတို့ပွဲစဉ်မှာ လီဗာပူးလ်အသင်းအနိုင်ရရှိခဲ့ပါက ရမှတ် (၇) မှတ်ပြတ်သွားမှာ ဖြစ်ပါတယ်။

မန်စီးတီး အသင်းဟာ ပြီးခဲ့တဲ့ (၂၀၁၇-၁၈) ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကိုရယူနိုင်ခဲ့ပေမယ့်လည်း လီဗာ ပူးလ်အသင်းရဲ့ ခြေစွမ်းပိုင်းတွေကြောင့် လက်ရှိချန်ပီယံဘွဲ့ ကိုဆက်လက်ထိန်းသိမ်းနိုင်ဖို့ မသေချာတော့တာဖြစ် ပါတယ်။ ဒါ့အပြင်မန်စီးတီးအသင်းဟာ ဖေဖော်ဝါရီလပထမပတ်နဲ့ ဒုတိယပတ်အစမှာပဲ ပရီးမီးယားလိဂ်ရဲ့ အသင်းကြီး (၃) သင်းနဲ့ ဆက်တိုက် ယှဉ်ပြိုင်ရမှာဖြစ်ပြီး၊ ယှဉ်ပြိုင်ရမယ့်အသင်းတွေဟာလည်း အာဆင်နယ်၊ အဲဗာ တန်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ ဖြစ်ကြပါတယ်။ ဖေဖော်ဝါရီလ (၃) ရက်နေ့မှာ အာဆင်နယ်အသင်း၊ (၆) ရက်နေ့မှာတော့ အဲဗာတန်အသင်းနဲ့ ဖေဖော်ဝါရီလ (၁၀) ရက်နေ့မှာတော့ ချယ်လ်ဆီးအသင်းနဲ့ဆက်တိုက်ယှဉ် ပြိုင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင်အခြားသောထူးခြားမှုအနေနဲ့ မန်စီးတီးအသင်း ရဲ့ ယခုနှစ်ရာသီရှုံးပွဲကြုံတွေ့ ခဲ့တဲ့ပွဲ စဉ် (၄) ပွဲမှာ (၂) ပွဲဟာ လီဗာပူးလ်အသင်းနည်းပြဟောင်းတွေဖြစ်ကြတဲ့ ရွိုင်းဟော့ဒ်ဆန်နဲ့ ဘင်နီတက်ဇ်တို့ ကိုင်တွယ်နေတဲ့အသင်း (၂) သင်းဖြစ်တဲ့ ခရစ္စတယ်လ်ပဲလေ့စ်အသင်းနဲ့ နယူးကာဆယ်အသင်းတို့ဖြစ်ပြီး၊ ခရစ္စ တယ်လ်ပဲလေ့စ်အသင်းကို (၃) ဂိုး (၂) ဂိုး၊ နယူးကာဆယ်အသင်းကို (၂) ဂိုး (၁) ဂိုးနဲ့ရှုံးနိမ့်ခဲ့ပါတယ်။
 

 

 

Related News