ဗလင်စီယာအသင်းနဲ့ပွဲစဉ်မှာ ပေါင်ခြံဒဏ်ရာရရှိခဲ့တဲ့ဘာစီလိုနာတိုက်စစ်မှူးမက်ဆီဟာ ရီးရဲယ်လ်မက်ဒ ရစ်နဲ့ယှဉ်ပြိုင်မယ့် စပိန်ဘုရင့်ဖလားဆီမီးဖိုင်နယ်ပွဲစဉ်မှာ အသင်းရဲ့ လူစာရင်းမှာပြန်လည်ပါဝင်လာခဲ့ပါတယ်။စပိန်ဘုရင့်ဖလားဆီမီးဖိုင်နယ်ပွဲစဉ်တွေကိုတော့ မနက်ဖြန်မနက်အစောပိုင်းမှာယှဉ်ပြိုင်ကြတော့မှာဖြစ် ပြီး၊ အကြိတ်အနယ်အရှိဆုံးပွဲစဉ်ဖြစ်လာမယ့် ဘာစီလိုနာနဲ့ ရီးရဲယ်လ်မက်ဒရစ်တို့ပွဲစဉ်လည်းပါဝင်နေခဲ့ပါတယ်။ ဘာစီလိုနာအသင်းနဲ့ ရီးရဲယ်လ်မက်ဒရစ်အသင်းတို့ရဲ့ ပထမအကျော့ပွဲစဉ်ကိုတော့ ဘာစီလိုနာရဲ့ နူးကမ့်ကွင်းမှာ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး၊ အသင်းရဲ့ အားထားရတဲ့မက်ဆီလည်း ပြန်လည်ပါဝင်နိုင်ဖွယ်ရှိနေခဲ့ပါတယ်။ မက်ဆီဟာ ဗလင်စီယာအသင်းနဲ့ပွဲစဉ်မှာ ဒဏ်ရာပြဿနာနဲ့ရင်ဆိုင်ခဲ့ရပေမယ့်လည်း ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပြီး၊ လက်ရှိမှာ တော့ ကြံ့ခိုင်မှုမပြည့်တဲ့ပြဿနာနဲ့ရင်ဆိုင်နေခဲ့ရပါတယ်။

ဒါပေမယ့်လည်းရီးရဲယ်လ်မက်ဒရစ်နဲ့ယှဉ်ပြိုင်မယ့် စပိန်ဘုရင့်ဖလားဆီမီးဖိုင်နယ်ပွဲစဉ်အတွက်လူစာရင်းကိုထုတ်ပြန်ခဲ့ရာမှာ တိုက်စစ်မှူးမက်ဆီပါဝင်နေခဲ့ပါတယ်။ စပိန်ဘုရင့်ဖလားပြိုင်ပွဲမှာ El Clasico ပွဲစဉ်ပါဝင်နေတာဟာ အကြိတ်အနယ်ရှိမယ့်ပွဲစဉ်တစ်ပွဲကိုမြင်တွေ့ရတော့ မှာဖြစ်ပြီး၊ ဘာစီလိုနာအသင်းသားတွေအနေနဲ့ မက်ဆီရဲ့ စိတ်ကိုလှုံ့ ဆော်တဲ့အနေနဲ့ တရုတ်နာမည်နဲ့ မက်ဆီရဲ့ နာမည်ကိုရေးထိုးသွားဖို့လည်းရှိနေခဲ့ပါတယ်။ El Clasico ပြိုင်ပွဲဟာ စပိန်ဘုရင့်ဖလားပြိုင်ပွဲမှာ နှစ်ကျော့စနစ်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး၊ စပိန်လာလီဂါပြိုင်ပွဲမှာလည်း တစ်ကျော့ယှဉ်ပြိုင်ရဦးမှာဖြစ်တာကြောင့် El Clasico ဒါဘီပွဲ စဉ်ကို (၃) ပွဲအထိယှဉ်ပြိုင်ကြဦးမှာဖြစ်ပါတယ်။စပိန်ဘုရင့်ဖလားပထမအကျော့ကို ဖေဖော်ဝါရီလ (၇) ရက်နေ့၊ ဒုတိယအကျော့ကို ဖေဖော်ဝါရီလ (၂၈) ရက်နေ့နဲ့ စပိန်လာလီဂါပွဲစဉ်ကိုတော့ မတ်လ (၃) ရက်နေ့တွေမှာယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

 

 

Related News