အာဆင်နယ်အသင်းကစားသမားဟောင်းဒီယာဘီအနေနဲ့ (၁၄) နှစ်တာကာလအတွင်း ကျင်လည်ခဲ့ပြီး နောက်မှာ ကစားသမား ဘ၀ကနေအနားယူခဲ့ပြီဖြစ်ပါတယ်။

ကာလရှည်ကြာဒဏ်ရာပြဿနာတွေကြောင့် ကစားသမားဘ၀ရဲ့ အကောင်းဆုံးအချိန်တွေပျက်စီးခဲ့ရတဲ့ ကွင်းလယ်လူဒီယာဘီ ဟာ မာဆေးလ်အသင်းမှာနောက်ဆုံးကစားခဲ့ပြီး၊ အသင်းလက်မဲ့အခြေအနေနဲ့ ကစားသ မားဘ၀အနားယူခဲ့ပါတယ်။

သူဟာ  (၂၀၀၄-၀၅) ဘောလုံးရာသီက ပြင်သစ်ကလပ် Auxerre အသင်းနဲ့ ပရော် ဖက်ရှင်နယ်ဘ၀စတင်ခဲ့ပြီး၊ (၂၀၀၅-၀၆) ဘောလုံး ရာသီမှာတော့ အာဆင်နယ်အသင်းကိုပြောင်းရွှေ့ခဲ့ပါတယ်။ ဒီယာဘီဟာ အာဆင်နယ်အသင်းမှာကစားခဲ့တဲ့(၁၀)ရာသီအတွင်း မှာ ပွဲစဉ်ပေါင်း (၁၈၀) သာပါဝင်ခဲ့ပြီး၊ သွင်း ဂိုးပေါင်း (၁၉) သာသွင်းယူနိုင်ခဲ့ပါတယ်။ ဒီယာဘီဟာ အာဆင်နယ်အသင်းမှာ ဒဏ်ရာဆိုးဆိုးရွားရွားကာလ တစ်ခုကိုဖြတ်သန်းခဲ့ရပြီး၊ ဒဏ်ရာပြဿနာကြောင့် ရက်သတ္တပတ်ပေါင်း (၂၂၂) ပတ်ကြာအနားယူ ခဲ့ရပါတယ်။

ဒဏ်ရာရရှိခဲ့မှုမှာ (၄၂) ကြိမ်အထိရှိခဲ့ပြီး၊ အများဆုံးရရှိခဲ့တဲ့ဒဏ်ရာကတော့ (၁၁) ကြိမ်အထိရရှိခဲ့တဲ့ ခြေသလုံး ကြွက်သားဒဏ်ရာဖြစ်ပါတယ်။ အခြားသောဒဏ်ရာတွေအဖြစ်လည်း ခြေကျင်းဝတ်ဒဏ်ရာ (၆) ကြိမ်၊ ပေါင် ကြွက်သားဒဏ်ရာ (၅) ကြိမ်၊ တံကောက်ကြောဒဏ်ရာ (၃) ကြိမ်၊ ပေါင်ခြံဒဏ်ရာ၊ တင်ပါးဆုံဒဏ်ရာ၊ ကြွက် သားဒဏ်ရာ၊ ၀မ်းဗိုက်ဒဏ်ရာ၊ နောက် ကျောဒဏ်ရာ၊ ဒူးဒဏ်ရာ၊ ခြေကျင်းဝတ်ဒဏ်ရာတို့လည်းရရှိခဲ့ပါတယ်။ ဒီယာဘီအနေနဲ့ လက်ရှိမှာအသက် (၃၂)နှစ်အရွယ်သာ ရှိသေးပေမယ့်လည်း ဒဏ်ရာပြဿနာတွေကနေရုန်း ထွက်နိုင်ခြင်းမရှိခဲ့မှုတွေကြောင့် ကစားသမားဘ၀ကနေ အနားယူဖို့ဆုံးဖြတ် ခဲ့ပြီး၊ အာဆင်နယ်အသင်းကနေ မာဆေးလ်အသင်းကိုပြောင်းရွှေ့ခဲ့ရာမှာလည်း ဒဏ်ရာပြဿနာကြောင့် (၆) ပွဲသာကစားခဲ့ရ ပါတယ်။

ဒီယာဘီဟာ ကစားသမားဘ၀တစ်လျှောက် Auxerre ၊ အာဆင်နယ်အသင်းနဲ့ မာဆေးလ်အသင်းတို့မှာ ပွဲစဉ်ပေါင်း (၁၉၈) ပွဲပါဝင်ကစားခဲ့ရာမှာ သွင်းဂိုး (၂၀) သာသွင်းယူနိုင်ခဲ့ပါတယ်။

 

 

 

 

Related News