ဂျူဗင်တပ်စ်အသင်းဟာ စီးရီးအေပွဲစဉ် (၂၈) မှာတော့ ပထမဦးဆုံးလိဂ်ပြိုင်ပွဲရှုံးပွဲကြုံတွေ့ခဲ့ပြီး၊ ဂျီနိုအာ အသင်းကို (၂) ဂိုးပြတ်နဲ့ရှုံးနိမ့် ခဲ့ပါတယ်။အီတလီစီးရီးအေပွဲစဉ် (၂၈) ပွဲမှာတော့ အမှတ်ပေးဇယားကိုဦးဆောင်နေခဲ့တဲ့ဂျူဗင်တပ်စ်အသင်းဟာ ဂျီနိုအာအသင်းကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ခဲ့ရပြီး၊ စတူယာရိုနဲ့ ပန်ဒက်တို့ရဲ့ သွင်းဂိုးတွေနဲ့ အူဒီးနိစ်အ သင်းက (၂) ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ ဂျူဗင်တပ်စ် အသင်းဟာ စီးရီးအေပြိုင်ပွဲမှာ (၂၇) ပွဲဆက်တိုက် စီးရီး အေရှုံးပွဲလုံးဝကြုံတွေ့ ထားခြင်းမရှိပဲ၊ ဥရောပထိပ်တန်းလိဂ် (၅) ခုမှာ လိဂ်ပြိုင်ပွဲ ရှုံးပွဲမရှိသေးတဲ့ တစ်သင်းတည်း သောအသင်းအဖြစ်ရပ်တည်ထားခဲ့ပါတယ်။

ဒါပေမယ့်လည်းစီးရီးအေပွဲစဉ် (၂၈) မှာတော့ ဂျူဗင်တပ်စ်အသင်း ဟာ ယခုနှစ်ရာသီရဲ့ ပထမဦးဆုံးလိဂ်ပြိုင်ပွဲရှုံးပွဲကြုံတွေ့ ခဲ့ပြီး၊ ဥရောပထိပ်တန်းလိဂ်တွေထဲမှာ ရှုံးပွဲမရှိသေးတဲ့စံ ချိန်ကောင်းတစ်ခုလည်း ကျိုးပျက် ခဲ့ရပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ပွဲစဉ် (၂၈) ပွဲပြီးဆုံးချိန်မှာတော့ (၂၄) ပွဲနိုင်၊ (၃) ပွဲသရေနဲ့ (၁) ပွဲသာရှုံးနိမ့်ခဲ့ပြီး၊ ရမှတ် (၇၅) မှတ်နဲ့ အဆင့် (၂) နေရာက နာပိုလီအသင်းကို ရမှတ် (၁၅) မှတ်အထိဖြတ်ထားနိုင်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ လိဂ်ပြိုင်ပွဲပထမဦးဆုံး ရှုံးပွဲ ကြုံတွေ့ခဲ့ပေမယ့်လည်း အဆင့် (၂) နေရာက နာပိုလီအသင်းနဲ့ ရမှတ်များစွာကွာဟနေမှုကြောင့် ချန်ပီယံဆုအတွက်ကတော့ စိုးရိမ်စရာ မရှိသေးတာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ယခုနှစ်ရာသီမှာ ဖလား(၃)လုံးလမ်းကြောင်းပေါ်မှာရပ်တည်နေပြီး၊ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ တော့ ကွာတားဖိုင်နယ်အဆင့်ကိုတက်ရောက်ထားနိုင်ခဲ့ပါတယ်။ ဂျူဗင် တပ်စ်အသင်းဟာ ကွာတားဖိုင်နယ်အဆင့်မှာ နယ်သာလန်ကလပ် အသင်းဖြစ်တဲ့ အေဂျက်ဇ်အသင်းနဲ့ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

 

 

Related News