ဥရောပကလပ်အသင်းပြိုင်ပွဲတစ်ခုဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေဟာ ကွာတားဖိုင်နယ်အဆင့်ကိုရောက် ရှိနေပြီး၊ အသင်းကြီးအချင်းချင်းတွေ့ ဆုံတဲ့ပွဲစဉ်တွေနဲ့အတူ မနက်ဖြန်မနက်အစောပိုင်းကနေစတင်ယှဉ်ပြိုင်ကြတော့မှာ ဖြစ်ပါတယ်။ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲဟာ ယခုတစ်ပတ်ကစတင်ကာယှဉ်ပြိုင်ကြတော့မှာဖြစ်ပြီး၊ ပြိုင်ပွဲကတော့ ရင် ခုန်စိတ်လှုပ်ရှားစရာ ကောင်းမွန်မှုတွေနဲ့ အတူ အသင်းကြီးအချင်းချင်းတွေ့ဆုံနေကြတဲ့ ကွာတားဖိုင်နယ်အဆင့် ကိုရောက်ရှိနေခဲ့ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် အဆင့်ကို အင်္ဂလန်ကလပ်အသင်းတွေက (၄) သင်းနဲ့အများဆုံးအဖြစ် မန်စီးတီး၊ မန်ယူ၊ လီဗာပူးလ်အသင်းနဲ့ စပါးစ်အသင်းတို့က တက်ရောက် ထားခဲ့ကြပါတယ်။ အခြားသော (၄) သင်းအဖြစ်ကတော့ ဘာစီလိုနာ၊ ဂျူဗင်တပ်စ်၊ ပေါ်တိုအသင်းနဲ့ အေဂျက်ဇ်အသင်းတို့ ကတက်ရောက် ထားခဲ့ကြပါတယ်။ ကွာတားဖိုင်နယ်အဆင့်မှာတော့ အင်္ဂလန်ကလပ်အသင်း (၂) သင်းဖြစ်တဲ့ စပါးစ်အသင်းနဲ့ မန်စီးတီးအသင်းတို့ကတွေ့ ဆုံနေကြပြီး၊ အခြားသောပွဲစဉ်တွေအဖြစ် လီဗာပူးလ်အသင်းနဲ့ ပေါ် တိုအသင်း၊ အေဂျက်ဇ်အသင်းနဲ့ ဂျူဗင်တပ်စ်အသင်း၊ မန်ယူအသင်းနဲ့ ဘာစီလိုနာအသင်းတို့တွေ့ ဆုံနေခဲ့ကြပါ တယ်။ ယခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လက်ရှိချန်ပီယံရီးရဲယ်လ်မက်ဒရစ်အသင်းရဲ့ ကျရှုံးမှုနဲ့အတူ နာမည်ကြီးပီ အက်စ်ဂျီအသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ဟာလည်း ပြိုင်ပွဲကနေစောစီးစွာထွက်ခဲ့ရမှုတွေကြောင့် ချန်ပီယံသစ်ထွက်ပေါ်လာ မလားဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းနေခဲ့ပါတယ်။

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့် ပထမအကျော့ပွဲစဉ်တွေအဖြစ် စပါးစ်အသင်းနဲ့ မန်စီးတီးအသင်း၊ လီဗာပူးလ်အသင်းနဲ့ ပေါ်တိုအသင်းတို့ပွဲ စဉ်ကို ဧပြီလ(၁၀)ရက်နေ့၊ မနက်ဖြန်မနက်အစောပိုင်းမှာလည်းကောင်း၊ အေဂျက်ဇ် အသင်းနဲ့ ဂျူဗင်တပ်စ်အသင်း၊ မန်ယူအသင်းနဲ့ ဘာစီလိုနာအသင်းတို့ပွဲစဉ်ကို ဧပြီလ(၁၁)ရက်နေ့မနက် အစောပိုင်းမှာ လည်းကောင်း ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ 

 

 

Related News