ယခုနှစ်မှာ ချန်ပီယံရှစ်ကိုတန်းဆင်းသွားရပြီဖြစ်တဲ့ ကာဒစ်စီးတီး၊ ဖူလ်ဟမ်နဲ့ ဟက်ဒါဖီးတောင်းအသင်းတို့ဟာ ပရီးမီးယားလိဂ် သမိုင်းမှာ ရမှတ်အနည်းဆုံးနဲ့တန်းဆင်းသွားရတဲ့အသင်းတွေအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ (၂၀၁၈-၂၀၁၉) ပရီးမီးယားလိဂ်ဘောလုံးရာသီပြီးဆုံးဖို့ တစ်ပွဲသာကျန်ရှိတော့ချိန်မှာ ချန်ပီယံရှစ်ကိုတန်းဆင်း သွားရတဲ့အသင်း (၃) သင်းလုံးပေါ်ထွက်လာခဲ့ပြီဖြစ်ပါတယ်။ ယခုနှစ်တန်းဆင်းသွားတဲ့ (၃) သင်းလုံးဟာ တစ်နှစ်လုံးမှာပွဲကန်ခဲ့တဲ့ရမှတ် စုစုပေါင်း ဟာ (၇၂) မှတ်သာရရှိခဲ့သာဖြစ်ပါတယ်။

နောက်ဆုံးကျန်ရှိတဲ့ပရီးမီး ယားလိဂ်နောက်ဆုံးပွဲမှာသာအနိုင်ရရှိခဲ့ပါက အဆိုးဆုံး အခြေနေကို ရှောင်လွှဲနိုင်မှာဖြစ်ပေမယ့်လည်းသမိုင်းမှတ် တမ်းတွေအရတော့ တန်းဆင်းသွားပြီဖြစ်တဲ့အသင်း(၃)သင်းရဲ့ နောက်ဆုံးပွဲစဉ် ရလဒ်တွေဟာ (၆)မှတ်ထက် မပိုခဲ့တာဖြစ်ပါတယ်။ (၂၀၀၅-၂၀၀၆) ဘောလုံးရာသီက ဘာမင်ဂမ်၊ ၀က်စ်ဘရွန်းနဲ့ ဆန်းဒါးလန်းအသင်းတို့က တန်းဆင်းသွားခဲ့ရပြီး၊ အဲ့နှစ်ရဲ့နောက်ဆုံးပွဲစဉ်တွေမှာ ရရှိနိုင်လောက်တဲ့ရမှတ်(၉) မှတ်ထဲက(၁) မှတ်သာအရ ယူနိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဘန်လေ၊ ဟားလ်စီးတီးနဲ့ ပို့စ်မောက်အသင်းတို့တန်းဆင်းခဲ့ရတဲ့ (၂၀၀၉-၂၀၁၀) ဘောလုံးရာသီမှာရဲ့နောက်ဆုံးပွဲစဉ်တွေမှာတော့ ဘန်လေအသင်းက စပါးကိုအနိုင်ကစားနိုင်ခဲ့ပြီး၊ ဟားလ်စီးတီးက လီဗာပူးလ်ကို အနိုင်ကစားနိုင်ခဲ့တာကြောင့် တစ်ရာသီလုံးရမှတ် (၇၉)မှတ်အထိရယူနိုင်ခဲ့ကာ ရမှတ်အနည်း ဆုံးနဲ့တန်းဆင်းရမယ့်အရေးကို ရှောင်လွှဲနိုင်ခဲ့ကြပါတယ်။ ရမှတ်အများဆုံးနဲ့တန်းဆင်းသွားခဲ့ရတဲ့နှစ်ကတော့ (၁၉၉၄-၁၉၉၅) ဘောလုံးရာသီကဖြစ်ပြီး ခရစ္စတယ် ပဲလေစ့်၊ နောဝှခ်ျစီးတီး၊ လက်စတာနဲ့ အစ်ဆွစ်တောင်း လေးသင်းထိတန်းဆင်းခဲ့ရကာ အဆိုပါနှစ်ရဲ့ယှဉ်ပြိုင်ရတဲ့ (၄၂) ပွဲမှာ (၁၄၄) မှတ်အထိရယူနိုင်ခဲ့ကြတာပါ။

ပွဲစဉ် (၃၈) ပွဲသာကစားရတဲ့ (၁၉၉၆-၁၉၉၇) ဘောလုံးရာသီမှာတော့ ဆန်းဒါးလန်း၊ မစ်ဒယ် ဘရော့နဲ့ နောတင်ဟမ် ဖောရက်စ်တို့က ရမှတ် (၁၁၃) မှတ်နဲ့အများဆုံးဖြစ်ခဲ့ပြီး၊ ထူးခြားမှုအနေနဲ့ အဆိုပါနှစ်မှာချန်ပီယံ ဖြစ်ခဲ့တဲ့ မန်ယူအသင်းဟာ ရမှတ်အနည်းဆုံးဖြစ်တဲ့ (၇၅) မှတ်နဲ့ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တာပါ။ ယခုနှစ် (၂၀၁၈-၂၀၁၉)မှာတော့ တန်းဆင်း သွားရတဲ့အသင်း (၃) သင်းဖြစ်တဲ့ ဟက်ဒါဖီးစ်နဲ့ ကာဒစ်ဖ်က ဆောက်သမ်တန်၊ မန်ယူတို့နဲ့ အဝေးကွင်း၊ ဖူလ်ဟမ်က နယူးကာဆယ်ကို အိမ်ကွင်းတို့မှာ အသီးသီးယှဉ်ပြိုင်ကြသွားရမှာ ဖြစ်ပါတယ်။

 

 

Related News