ဘာစီလိုနာအသင်းဟာ ယနေ့မနက်အစောပိုင်းကယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့ ပွဲစဉ်အဖြစ် လီဗာပူးအသင်းနဲ့ ပွဲစဉ်မှာရှုံးနိမ့်ခဲ့တာကြောင့် နောက်ဆုံး (၈) နှစ်အတွင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲကို (၁) ကြိမ်သာတက်ရောက် နိုင်ခဲ့တဲ့ မှတ်တမ်းဆိုးတစ်ခုနဲ့ ဆက်လက်ရင်ဆိုင်ခဲ့ရပါတယ်။ 

ဘာစီလိုနာအသင်းဟာ လီဗာပူးလ်အသင်းနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာ (၄) ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့မှုကြောင့် နှစ်ကျော့ပေါင်း ရလဒ် (၄) ဂိုး (၃) ဂိုးနဲ့ ဆီမီးဖိုင်နယ်အဆင့်ကနေထွက်ခဲ့ရပါတယ်။ ဘာစီလိုနာ အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နောက်ဆုံးဗိုလ်စွဲခဲ့တဲ့ (၂၀၁၄-၁၅) ဘောလုံးရာသီကစလို့ နောက်ပိုင်းနှစ်တွေ မှာ ချန်ပီယံလိဂ်နဲ့ကံမစပ်ခဲ့ပဲ နောက်ဆုံး (၃) နှစ်ဆက်ကွာတားဖိုင်နယ်အဆင့်ကနေ ထွက်ခွာခဲ့ရတာပါ။ ဘာစီ လိုနာအသင်းဟာ အဲ့ဒီနှစ်တွေမှာ အက်သလက်တီကို၊ ဂျူဗင်တပ်၊ ရိုးမားအစရှိတဲ့ အသင်းတွေကို ရှုံးနိမ့်ခဲ့ပြီး အသင်းရဲ့အဓိက တိုက်စစ်မှူး မက်ဆီကိုယ်တိုင်ကလည်း ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ (၅) နှစ်ဆက်တိုက် ဂိုးမသွင်းနိုင်တဲ့မှတ်တမ်းဆိုး တစ်ခုနဲ့ရင်ဆိုင်ခဲ့ရတာပါ။

ဒီနှစ်မှာတော့ ဘာစီလိုနာအသင်းဟာ မန်ယူအသင်းကို အနိုင်ရပြီး ကွာတားဖိုင်နယ်ကျိန်စာဆိုးကိုကျော်ဖြတ်နိုင်ခဲ့ပြီး တိုက်စစ်မှူးမက်ဆီကလည်း ဂိုးပြန်သွင်းနိုင်ခဲ့ တာကြောင့် ကမ္ဘာတ၀ှမ်းကပရိသတ်တွေက ဘာစီလိုနာအသင်းသာ ချန်ပီယံလိဂ်ဖလားရရှိသွား လိမ့်မယ်လို့ ထင်မှတ်ခဲ့ကြတာပါ။ ဒါပေမယ့်လီဗာပူးအသင်းနဲ့တွေ့ဆုံတဲ့ ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာတော့ လီဗာပူးအသင်းရဲ့ မဖြစ်နိုင်တဲ့ အခြေအနေတွေကို ပြောင်းပြန်လှန်ကာ ပြန်လာနိုင်ခဲ့မှုကြောင့်နောက်ဆုံး(၈) နှစ်အတွင်း  ချန်ပီယံလိဂ်ဗိုလ်လုပွဲကို (၁) ကြိမ်သာ တက်ရောက်သွားနိုင်ခဲ့ပါတယ်။ အခြားသော စံချိန်မှတ်တမ်းဆိုးတစ်ခု အနေနဲ့လည်း ဘာစီလိုနာအသင်းဟာ လီဗာပူးအသင်းနဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲရှုံးထွက်အဆင့်မှာ (၂၀၀၆-၀၇) ဘောလုံးရာသီနဲ့ ယခု (၂၀၁၈-၁၉) ဘောလုံးရာသီတွေ့ဆုံတဲ့ (၂) ကြိမ်စလုံးမကျော်ဖြတ်နိုင်ခဲ့တဲ့ မှတ်တမ်းဆိုးတစ်ခုနဲ့ ရင်ဆိုင်သွားခဲ့ရတာ ဖြစ်ပါတယ်။ယခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မဖြစ်နိုင်တဲ့အခြေအနေတွေကိုပြောင်းပြန်လှန်နိုင်ခဲ့တဲ့အသင်းတွေအဖြစ် အင်္ဂလန်ကလပ်တွေဖြစ်တဲ့ မန်ယူအသင်း နဲ့ လီဗာပူးလ်အသင်းတို့က လုပ်ဆောင်ပြသထားနိုင်ခဲ့ပါတယ်။

 

 

Related News