ပြီးဆုံးခဲ့ပြီဖြစ်တဲ့ (၂၀၁၈-၁၉) ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာတော့ ချန်ပီယံဆုကိုမန်စီးတီးအသင်းက ရရှိခဲ့တာကြောင့် ပြီးခဲ့တဲ့ ရာသီက လက်ရှိချန်ပီယံဘွဲ့ ကိုကာကွယ်နိုင်ခဲ့ပြီး၊ (၂၀၀၈-၀၉) ဘောလုံးရာသီ နောက်ပိုင်း မန်စီးတီးအသင်းအနေနဲ့ လက်ရှိချန်ပီယံဘွဲ့ကို ပထမဦးဆုံးကာကွယ်နိုင်ခဲ့တဲ့အသင်းအဖြစ်မှတ် တမ်းဝင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ ပရိသတ်တွေသိရှိပြီးသားအတိုင်း ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပြိုင်ပွဲတစ်ခုဖြစ်ပြီး၊ ပရီးမီးယားလိဂ်လက်ရှိချန်ပီယံဘွဲ့ ကိုကာကွယ်နိုင်ခဲ့တဲ့အသင်းတွေဟာ (၂၀၀၈-၀၉) ဘောလုံးရာသီနောက်ပိုင်း မရှိသေးတာဖြစ်ပါတယ်။ မန်ယူအသင်းဟာ (၂၀၀၇-၀၈) ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ပြီး၊ (၂၀၀၈-၀၉) ဘောလုံးရာသီမှာတော့ လက်ရှိချန်ပီယံဘွဲ့ ကိုကာကွယ်နိုင်ခဲ့ပါတယ်။

အဆိုပါဘောလုံးရာသီ နောက်ပိုင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လက်ရှိချန်ပီယံဘွဲ့ ကိုကာကွယ်နိုင်ခြင်းမရှိတော့ပဲ၊ (၁၀)နှစ်အကြာမှ ပရီးမီးယား လိဂ်လက်ရှိချန်ပီယံဘွဲ့ကို မန်စီးတီးအသင်းအနေနဲ့ ကာကွယ်နိုင်ခဲ့ပါတယ်။ ပြီးဆုံးသွားခဲ့တဲ့ပရီးမီး ယားလိဂ်ပြိုင်ပွဲမှာ မန်စီးတီးအသင်းနဲ့ လီဗာပူးလ်အသင်းတို့က ချန်ပီယံဖြစ်ခွင့်အတွက် အနီးစပ်ဆုံးအသင်းတွေ အဖြစ်ရှိခဲ့ကြပြီး၊ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းက တစ်မှတ်အသာနဲ့ ချန်ပီယံဆုကိုရယူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် နည်းပြတွေထဲမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့တဲ့နည်းပြတွေအဖြစ် မန်ယူအသင်း နည်းပြ ဟောင်းဖာဂူဆန်နဲ့ ချယ်လ်ဆီးအသင်းနည်းပြဟောင်းမော်ရင်ညိုတို့ (၂)ဦးသာ ပရီးမီးယားလိဂ်သမိုင်းမှာ လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့တဲ့နည်းပြတွေအဖြစ်မှတ်တမ်းဝင်ထားခဲ့ပြီး၊ လက်ရှိမှာတော့ မန်စီးတီးနည်းပြဂွါဒီ ယိုလာကပါ အဆိုပါစာရင်းထဲကိုပါ ၀င်လာ ခဲ့ပါတယ်။ ဒါ့အပြင်မန်စီးတီးအသင်းဟာ ယခုနှစ်ရာသီမှာ ချန်ပီယံဖြစ် ခဲ့တဲ့ရမှတ်ပမာဏက ရမှတ် (၉၈)မှတ်အထိ ရှိခဲ့ပြီး၊ ဒါဟာ ပရီးမီးယား လိဂ်သမိုင်းတစ်လျှောက် ဒုတိယမြောက် ရမှတ်အများဆုံးပမာဏတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်လည်းမန်စီးတီးအသင်းအနေနဲ့ ပြီးခဲ့တဲ့ (၂၀၁၇-၁၈) ဘော လုံးရာသီက ရမှတ်ပမာဏကိုတော့လိုက်မှီနိုင်ခြင်းမရှိခဲ့ပဲ၊ အဆိုပါဘောလုံးရာသီက မန်စီးတီးအသင်းအနေနဲ့ စံချိန်တင်ရမှတ်ဖြစ်တဲ့ ရမှတ် (၁၀၀)အထိ ရရှိခဲ့တာဖြစ်ပါတယ်။

 

 

 

 

 

 

Related News