လီဗာပူးလ်အသင်းနဲ့ စပါးစ်အသင်းတို့ ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်ကို ဆလိုဗေးနီးယား လူမျိုးကွင်းလယ် ဒိုင်လူကြီး စကိုမီနာကတာဝန်ယူကိုင်တွယ်မှာဖြစ်ပြီး၊ အင်္ဂလန်ကလပ်တွေနဲ့ အကျိုးမပေးတဲ့သာဓကတွေကြောင့် ဂျာဂျန်ကလော့အတွက်ကတော့ သတင်းဆိုးသဖွယ်ဖြစ်လာခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းနဲ့ မန်ယူအသင်းတို့ပွဲစဉ်မှာ အငြင်းပွားဖွယ်ရာပင်နယ်တီသတ်မှတ်ပေးခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးစကိုမီနာဟာ ယခုနှစ်ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်မှာ ကွင်းလယ်ဒိုင်လူကြီးအဖြစ်ကိုင်တွယ်သွား မှာဖြစ်ပါတယ်။ သူဟာယခုနှစ်ချန်ပီယံလိဂ်မှာ VAR နည်းပညာကိုအသုံးပြုကာ ပထမဦးဆုံးသွင်းဂိုးအဖြစ် ပင် နယ်တီကနေသတ်မှတ်ပေးခဲ့တဲ့ဒိုင်လူကြီးတစ်ဦးဖြစ်ပြီး၊ အင်္ဂလန်ကလပ် အသင်းတွေရဲ့ ပွဲစဉ်တွေကို မကြာခ ဏဆိုသလို တာဝန်ယူကိုင်တွယ်ခဲ့ဖူးတာဖြစ်ပါတယ်။ ဆိုးရွားတဲ့မှတ်တမ်းတစ်ခုအဖြစ် ဒိုင်လူကြီး စကိုမီနာကိုင် တွယ်ခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့ ဥရောပပွဲစဉ် (၅)ပွဲမှာ လီဗာပူးလ်အသင်းဟာ (၄) ပွဲအထိရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့် လည်းသူဟာ လီဗာပူးလ်အသင်းက နာပိုလီအသင်းကို (၁) ဂိုး ဂိုးမရှိနဲ့အနိုင်ရရှိခဲ့တဲ့ပွဲမှာလည်း လီဗာပူးလ်အသင်းရဲ့ ပွဲစဉ်ကိုကိုင်တွယ်ခဲ့ဖူး တာဖြစ်ပါတယ်။

ဒါ့အပြင်သူဟာ (၂၀၁၇) ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်မှာလည်း ကွင်းလယ်ဒိုင်လူကြီးတစ်ဦးအဖြစ်ကိုင်တွယ်ခဲ့ပြီး၊ မန်ယူအသင်းက အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။ ဒါ့အပြင် (၂၀၁၂) ဥရောပစူပါဖလားပြိုင်ပွဲအဖြစ်ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ချယ်လ်ဆီး အသင်းတို့ ပွဲစဉ်မှာလည်း အက်သလက်တီကိုမက်ဒရစ်အသင်းက (၄) ဂိုး (၁) ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။ စကိုမီနာဟာ အတွေ့အကြုံ ရင့်ဒိုင်လူကြီးတစ်ဦးဖြစ်ပြီး၊ ပြီးခဲ့တဲ့ (၂၀၁၈) ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ပွဲစဉ် (၃) ပွဲအထိကိုင်တွယ်ခဲ့ဖူးတာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းနဲ့ စပါးစ်အသင်းတို့ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်ကိုတော့ ဇွန်လ (၂) ရက်နေ့၊ မြန်မာစံ တော်ချိန်မနက် (၁) နာရီခွဲအချိန်မှာ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့  မက်ထရိုပိုလီတာနိုကွင်းမှာယှဉ် ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။


 

 

 

 

 

 

 

 

 

Related News